မော်လူး နန့်စီအောင် လမ်းပိုင်း ထိန်းချုပ်ရန် စစ်တပ် ကြိုးပမ်း

မော်လူး နန့်စီအောင် လမ်းပိုင်း ထိန်းချုပ်ရန် စစ်တပ် ကြိုးပမ်း

တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော စစ်တပ် စစ်ကြောင်းသည် ကချင်ပြည်အစပ်ရှိ နန့်စီးအောင်မြို့အထိ ဆက်လက်ချီတက်ကာ ဗျူဟာကျသည့် မြစ်ကြီးနား-မန္တလေး လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ရန် လုပ်ဆောင်လာကြောင်း စစ်ရေး သတင်းရင်းမြစ် များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် အင်းတော်မြို့ကို ပြန်လည်ဝင်ရောက်ခဲ့သည့် အဆိုပါစစ်ကြောင်းသည် မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မော်လူးမြို့ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့စီးနင်းပြီးနောက် မော်လူးမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ကချင်ပြည်၊ နန့်စီးအောင်မြို့သို့ ချက်ချင်းဆိုသလို ဆက်လက်ထွက်ခွာသွားခဲ့ရာ လက်ရှိတွင် ထိုဒေသရှိ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းမိသွားပြီ ဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့က ရောက်သွားပြီပေါ့ နန့်စီးအောင်ဘက်ကို။ ကျနော်သတင်းရ တာကတော့ မနေ့ကရတာ။ မနေ့ကဘဲ ရောက်သွားတာပေါ့။ နန့်စီးအောင်စစ်ကောင်စီအဖွဲ့တွေနဲ့ ပူးပေါင်းသွား တာပေါ့” ဟု ပြောသည်။

မော်လူးမြို့သည် အင်းတော်မြို့နှင့် မိုင် ၂၀ ခန့်အကွာ မြစ်ကြီးနား-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်ရေးအရ အလွန်ဗျူဟာကျသည့် မြို့ငယ်တစ်ခုဖြစ်သည်။

မော်လူးနှင့် နန့်စီးအောင် လမ်းပိုင်းကို စစ်တပ်က ပြန်လည် ခြေကုပ်ယူနိုင်ခြင်းသည် ရွှေဘို-မန္တလေး လမ်းပိုင်း တစ်ခုလုံးကို အပြည့်အဝ ပြန်လည်စိုးမိုးနိုင်ရန် ခြေလှမ်းပြင်လာခြင်းဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။

စစ်တပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်လ်များတွင်မူ မော်လူး-နန့်စီးအောင် လမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ရေးသား ဖော်ပြနေကြသည်။

သို့သော် မြေပြင်တွင်မူ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...