မွန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးမယ်

မွန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးမယ်

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်သွားမယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မေလအတွင်း အပြီးသတ်ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။

အရပ်သားအစိုးရအသွင်ပြောင်း စစ်အစိုးရဟာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေအရ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်မှူးတွေကို  ပြန်လည်ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

ဒေသတွင်းမှာတော့ တချို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး ဖြစ်ဖို့အတွက် မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ် ထွေအုပ်က တာဝန်ရှိသူတွေ အပြင် ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူတွေကိုပါ ငွေကျပ်သိန်း ရာချီပေးပြီး လိုက်နေကြတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ဖို့အတွက် လိုက်နေသူအများစုဟာ အုပ်ချုပ်ရေးမှူး ရာထူးထက် လုပ်ပိုင်ခွင့် အာဏာကို ရရှိဖို့ လိုက်နေကြတာ ဖြစ်သလို တချို့ ကတော့ ဧည့်စာရင်း တိုင်ရင်တောင် ငွေရတဲ့ အတွက် ရလိုမှုနဲ့ လိုက်နေကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ရာထူး သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းသစ် ကာလမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ် တာဝန် ပေးပြီးတဲ့ အချိန်အထိ တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပြီး လုပ်ငန်း တာဝန်တွေကို စနစ် တကျ လွှဲပြောင်း ပေးရမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အများစု နုတ်ထွက်တာ၊ အာဏာသိမ်းမှုကို လက်မခံတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး ထောင်ချတာအပြင် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်က သူတို့နဲ့ နီးစပ်သူတွေကိုသာ ခန့်အပ်ခဲ့တာပါ။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ ရပ်ကွက်ကျေးရွာအုပ်စု ၄၆၈ အုပ်စုရှိပြီး ကျေးရွာ ၁၁၄၇ ရွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...