ရေး-သံဖြူဇရပ်လမ်းမှာ Non CDM ဝန်ထမ်းတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ရေး-သံဖြူဇရပ်လမ်းမှာ Non CDM ဝန်ထမ်းတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့ Non CDM ဝန်ထမ်းတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရုံးစာရေးကြီး ဒေါ်တင်ဝင်းအပါအဝင် ဝန်ထမ်း သုံးဦးကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့တာပါ။

ဒါ့အပြင် ဧပြီ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ် ခေါဇာမြို့ စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူကို တော်လှန်ရေးတပ်ဖွဲ့ တစ်ခုက ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ဝန်ထမ်း လေးဦးဟာ ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

Non CDM ဝန်ထမ်းတွေ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေအစိုးရ NUG လက်အောက်ခံ တပ်ရင်းတွေအပါအဝင် ဒေသအခြေစိုက် မွန်တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အာဏာသိမ်း စစ်တပ်ဘက်ကတော့ Non CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုအပေါ် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့နဲ့ မလိုအပ်ရင် ရေး-သံဖြူဇရပ်လမ်းပိုင်း ခရီးမသွားဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အာဏာသိမ်းကာလအတွင်း Non CDM ဝန်ထမ်းတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပြီး အများစုဟာ ခံဝန်ကတိနဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...