ကမ်းတက်ရန်ချဉ်းကပ်လာစဉ် စစ်ရေယာဉ်တစ်စီးတိုက်ခိုက်ခံခဲ့ရ

ကမ်းတက်ရန်ချဉ်းကပ်လာစဉ် စစ်ရေယာဉ်တစ်စီးတိုက်ခိုက်ခံခဲ့ရ

ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့်  အကြမ်းဖက်စစ်ရေယာဉ်တစ်စီးသည် အာရက္ခတပ်တော် (AA) ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီးနောက် ရေလယ်သို့ ဆုတ်ခွာသွားပြီးနောက် ရေလယ်မှနေ၍ လက်နက်ကြီးများဖြင့် တောင်ကုတ်မြို့နယ်အတွင်းမှ ကျေးရွာများနှင့် အနီးအနားရှိ တောတောင်များကို ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။

“ ကျွန်တော်တို့ ကြားတာက ကမ်းကပ်ဖို့ လာတဲ့ နေဗီတစ်စီးဟာ တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားတယ်။ ပင်လယ်ပြင်ထဲထိဆုတ်ခွာပြီးနောက် စစ်ရေယာဉ်တွေက တောင်ကုတ်မြို့နယ်ထဲကရွာတွေနဲ့ အနီးအနား တောတောင်တွေကို ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကြား ကျောက်နီမော်မြစ်ဝကျွန်းအနီးအနားတွင် စစ်သင်္ဘော ၆ စင်းခန့်ကမ်းကပ်ရန်ကြိုးစားခဲ့ပြီး အခြေအနေမဟန်သဖြင့် ဆုတ်ခွာသွားခဲ့ကာအဆိုပါ အထဲမှ စစ်နေဗီတစ်စီးသည်ကမ်းကပ်ရန် ထပ်မံ ချဉ်းကပ်လာစဉ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု၎င်းက ပြောသည်။  

"ရမ်းဗြဲကမ်းဖက်ချိန်းကပ်လာတဲ့ခါ တိုက်ခိုက်ခံရတာပါ။ အဲဒီမှတဆင့် တောင်ကုတ်ဖက်ရွှေ့သွားတယ်။ အဲဒီမှာလည်းတိုက်ခိုက်ခံရတော့ ရေလယ်ကိုထွက်ပြေးသွားတယ်။ ရေလယ်ကတခြားနေဗီတွေလာပြီး တောင်ကုတ်ဖက်ကမ်းက အနီးနားနေရာတွေကို ပစ်ခတ်မှုလုပ်နေတယ်" ဟု ပြောဆိုသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကမ်းခြေများကို ဒရုန်းဖြင့်ကင်းထောက်ပြီး မထီမဲ့မြင် အကဲစမ်းလာသည့်အတွက် နေဗီများတိုက်ခိုက်ခံခဲ့ရကာ အထိုအထဲကနေဗီတစ်စီးကိုလက်နက်ကြီးကျည်ထိမှန်သွားပြီး တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးဒဏ်ရာရရှိမှုများရှိနိုင်သည်ဟု စစ်ရေးနီးစပ်သူကလည်း ပြောဆိုသည်။

"ရေလုပ်သားတွေဖမ်း၊ ပြည်သူကိုဒုက္ခပေးနေတဲ့ အကြမ်းဖက်နေဗီဟာ အကဲလာစမ်းတော့ AA ရဲ့ တိုက်ခိုက်တာလည်းခံလိုက်ရတော့ တခါတည်း မာန်အောင်ဖက်ကမ်းကို ထွက်ပြေးသွားရတယ်။ နေဗီကိုထိမှန်တော့ အထိအခိုက်လည်းရှိနိုင်တယ်။ အဲဒီနောက် ရေလယ်မှာရှိတဲ့နေဗီတွေကတော့ တောင်ကုတ်ဖက်နဲ့ ရမ်းဗြဲဖက်ကမ်းတွေကို ပစ်ခတ်မူတွေလုပ်နေတယ်"ဟုသူကပြောဆိုသည်။

 သင်္ကြန်အတွင်းက ရမ်းဗြဲနဲ့တောင်ကုတ်ကမ်းကို ချိန်းကပ်ရန်ဟန်ရေးပြနေတဲ့နေဗီဟာ ဧပြီ ၁၉ ရက်နေ့က ရေလယ်ကိုထွက်ခွာပြီးနောက်ပြန်လည် ကမ်းကပ်ရန်ကြိုးစားလာချိန်တွင်အခုလိုတိုက်ခိုက်ခံရပြီး စစ်သင်္ဘောပျက်စီးသွားသည့်အဆင့်ထိ ဖြစ်သွားသည်ဟု မျက်မြင်ဒေသခံတွေ ပြောဆိုချက်အရသိရသည်။

အခုလိုထိခိုက်သွားပြီးနောက် ရေလယ်ကနေ လက်နက်ကြီးတွေက ကမ်းနီးနဲ့ပတ်ဝန်းကျင်ကျေးရွာဖက်သို့ပစ်ခတ်နေမှုများကြောင့် ဒေသခံအချို့ စစ်ရှောင်နေရသည်ဟုသိရသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...