လိုင်ဇာမြို့မှာ KIO/KIA ရဲဘော်၊ ဝန်ထမ်း အတွဲ ၆၀ ကို စုပေါင်းမင်္ဂလာဆောင်ပေး

လိုင်ဇာမြို့မှာ KIO/KIA ရဲဘော်၊ ဝန်ထမ်း အတွဲ ၆၀ ကို စုပေါင်းမင်္ဂလာဆောင်ပေး
ဓါတ်ပုံ(Credit)- EEDY
ဓါတ်ပုံ(Credit)- EEDY

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ  ဝန်ထမ်းအတွဲ ၆၀ ရဲ့ စုပေါင်းမင်္ဂလာကတိကဝတ်ပြု ဆုတောင်းပွဲကို ပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

KIO ကနေ တာဝန်ယူပြီး လိုင်ဇာ ပတ်ဝန်းကျင်မှာရှိတဲ့ KIO/KIA ဝန်ထမ်းနဲ့ ရဲဘော်အတွဲ ၆၀ ကို လက်ထပ်ထိမ်းမြားပေးတာ ဖြစ်ကြောင်း အထက်ပါအဖွဲ့အစည်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။ 

"နှစ်တိုင်း ပုံမှန် လုပ်ပေးတာတော့ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို လုပ်ပေးတာ ဖြစ်ပါတယ်။ အရင်နှစ်မှာလည်း လုပ်ပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဟာကိုယ် မင်္ဂလာဆောင်ဖို့ အဆင်မပြေတဲ့ စုံတွဲတွေကို တာဝန်ယူပြီး လုပ်ပေးတာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ဂျာထူကောင်ရွာ ကက်သလစ်ဘုရားကျောင်းမှာ အတွဲ ၁၀ တွဲ၊ လိုင်ဇာမြို့ အထက်တန်းကျောင်းဆောင်မှာ ၄၆ တွဲနဲ့ အစိုးရတရားရုံးမှာ ၄ တွဲ စုစုပေါင်း အတွဲ ၆၀ မင်္ဂလာကတိကဝတ်ပြုကြတာလို့ ကချင်သတင်းတွေ ရေးသားဖော်ပြတဲ့ EEDY သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရတာပါ။ 

ဒါ့အပြင် အထက်ပါ ဆုတောင်းပွဲကို KIO က ဦးဆောင် ပြုလုပ်ပေးတာဖြစ်ပြီး တော်လှန်ရေးကာလ အခြေအနေအမျိုးမျိုးကြောင့် မင်္ဂလာကတိကဝတ်မပြုသေးတဲ့ ဝန်ထမ်းမိသားစုတွေကို စုပေါင်းပြုလုပ်ပေးတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

 အထက်ပါ သတင်းဌာနရဲ့ ထပ်မံ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အိမ်ထောင် ၄၆ ခု၊ ၂၀၂၀ ခုနှစ်မှာ ၇၇ ခုနဲ့ ဒီနှစ် ၂၀၂၆မှာ ၆၀ ခု စုစုပေါင်းအိမ်ထောင်စု ၁၈၃ ခု ရှိပြီလို့ ဆိုပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...