ကျောက်ဖြူတိုက်ပွဲသို့ စစ်ကော်မရှင်က လက်နက်နှင့် လူအင်အားများ ထပ်ဖြည့်

ကျောက်ဖြူတိုက်ပွဲသို့ စစ်ကော်မရှင်က လက်နက်နှင့် လူအင်အားများ ထပ်ဖြည့်

ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့် စစ်ကြောင်းထိုးမှုကို ရပ်နားထားရသည့် စစ်ကော်မရှင်သည် လက်နက်ခဲယမ်းများနှင့်အတူ လူအင်အားကို လျှို့ဝှက် စွာ ဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

၎င်းလျှို့ ဝှက်စစ်အင်အားများကို ကျောက်ဖြူမြို့တောင်ဘက် သစ်ပုတ်တောင်၊ ဓည၀တီ ရေတပ်ဌာနချုပ်မှတစ်ဆင့် ညအချိန်လျှို့ ဝှက်ဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

ဧပြီ ၆ ရက်ည ၁၂ နာရီဝန်းကျင်တွင် အင်အား ၂၀၀ ခန့်ကို စစ်သင်္ဘောဖြင့် လျှို့ ဝှက်ဖြည့်တင်းခဲ့သည်ဟု စစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဧပြီ ည ၁၂ နာရီမှာ ရောက်တယ်လို့ သိရပါတယ်။ စစ်ရေယာဉ်နဲ့ ခေါ်ယူလာပြီး အကုန်ဆိုအင်အား ၂၀၀ ဝန်းကျင်လောက်ပါမယ်။ သူတို့အားလုံးကို ဓညဝတီရေတပ်ဌာချုပ်ကဘဲ တင်ခဲ့ပါတယ်"ဟု ပြောသည်။

စစ်ကော်မရှင်သည် ယခင်အင်အားဖြည့်တုန်းက ကျောက်ဖြူ ဖောင်တော်နှင့် ငလပွေ့ ဆိပ်ကမ်းများကို အသုံးပြုပြီး  ခလရ ၃၄ သို့ပို့ဆောင်အင်အားဖြည့်ခဲ့သောလည်း ယခုတစ်ကြိမ်တွက် ဓညဝတီရေတပ်ဌာနချုပ်တခုတည်းကိုသာအင်အားဖြည့်တင်းသည်ကို တွေ့ရသည်ဟု ဆိုသည်။

ဒဏ်ရာရစစ်သားများကို ကျောက်ဖြူအခြေစိုက် ခလရ (၃၄) မှတစ်ဆင့် စစ်တွေနှင့်ရန်ကုန်သို့စစ်ရေယာဉ်များဖြင့် ပို့ဆောင်ပြီး လစ်လပ်သွားသော စစ်သားများနေရာတွင် စစ်မှုထမ်းအသစ်များကိုရန်ကုန်က စစ်ရေယာဉ်များဖြင့်အစားထိုးနေသည်ဟု သိရသည်။

 "ဒဏ်ရာရစစ်သားတွေကိုတော့အရင်က နေဗီနဲ့စစ်တွေကို ယူတယ်။ နောက်ပိုင်း စစ်တွေဆေးရုံမှာ မဆံ့တော့ အခု ရန်ကုန်ကိုယူတယ်။ အရာရှိပိုင်းက ဒဏ်ရာရရင်တော့ လေကြောင်းကနေရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံကို ယူသွားတယ်။ အခြေအနေ အရမ်းဆိုးတဲ့ တချို့တပ်ဖွဲ့ဝင်တွေလည်း ခလရ ၃၄ မှာဆေးကုယင်း သေဆုံးမူတွေရှိနေတယ်"ဟု ပြောသည်။

ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တွင်သေဆုံးသူများကို ကျောက်ဖြူ သုဿန်တွင် သဂြိုလ်သဖြင့် မြေစာပုံများပြည့်နှက်နေသည်ဟု သိရသည်။

အာရက္ခတပ်တော်ထိန်းချုပ်နေရာသောနေရာများကို ထိုးစစ်ဆင်ရာတွင်ပြည့်သူ့စစ်မှုထမ်းအသစ်များ သေဆုံးမှုများကာ  AA ၏စစ်ရေးဗျုဟာအောက်တွင်  လက်နက်ချ၊ သေဆုံးသူများပြား၍ စစ်ကြောင်းလိုက်ပျောက်ဆုံးသွားသောစစ်ကြောင်းများလည်း ရှိနေသည်ဟု သိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...