မြစ်ကြီးနားမြို့ရှိ ဆီဂိုဒေါင်တစ်ခုမီးလောင်မှုဖြစ်ပွား

မြစ်ကြီးနားမြို့ရှိ ဆီဂိုဒေါင်တစ်ခုမီးလောင်မှုဖြစ်ပွား
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ရွှေစက်ရပ်ကွက် ကမ်းနားလမ်းရှိ ဘုန်းကြီးကျောင်းအနီးကရိန်နော်စျေးနားမှာ သိုလှောင်ထားတဲ့ ဆီဂိုဒေါင်တစ်ခု ဧပြီ (၈) ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ မနက်ထဲကလောင်နေတာ ဟုတ်တယ်။ ဆီကန်လောင်တာတဲ့ ဘယ်နားလဲတော့သေချာမသိဘူး။ ဒီဖက်ကမ်းကနေတောင်မြင်ရတယ် မီးကတဝုန်းဝုန်းနဲ့လေ။ တော်တော်ပြင်းတယ်” လို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း မိုင်းနားရွာဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

စက်သုံးဆီသိုလှောင်တဲ့ ဂိုဒေါင်တိုက်အပါအဝင် ဆီဘောက်ဇာကား (၃) စီး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်တဲ့ အကြောင်းရင်းကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သိရပါတယ်။

မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေနဲ့ မနက် ၉ နာရီခွဲကျော်လောက်မှာ မီးငြှိမ်းသတ်ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်မှာ သံနှင့် ဗူးခွံအဟောင်းများ ရောင်းဝယ်သည့်ဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့မှာ အပူချိန်တွေမြင့်လာတာနဲ့အမျှ မီးလောင်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...