ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲ၍ ထိခိုက်သေဆုံးသူများပြား

ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲ၍ ထိခိုက်သေဆုံးသူများပြား

သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး ယောင်ဘန်းကျေးရွာရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် လူသေဆုံးမှု ၁၀၀ ဦးအထက် ရှိနိုင်ကြောင် ပန်ဆန်းမြို့ဒေသခံ သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်စက်ရုံတော့ မဟုတ်ဘူး၊ ယမ်းတွေ ပေါက်ကွဲသွားတာကတော့ သေချာပါတယ်။ ယမ်းတွေက မီးလောင်ပြီး ချက်ချင်း ပြင်းအားများတဲ့ ပေါက်ကွဲမှု ဖြစ်သွားတာလေ၊ ပြီးတော့ ထိခိုက်တဲ့ လူတွေလည်း တော်တော်များသွားတာ၊ အဆောက်အဦတွေပါ ပျက်စီးတာ ဆိုတော့ အဆင်မြင့်တဲ့ ယမ်းထဲက တစ်ခုခုဖြစ်မှာပါ”ဟု ပန်ဆန်းမြို့နေ ၎င်းသတင်းရင်းမြစ်က ပြောဆိုသည်။

‘ဝ’ဒေသရှိ အဆိုပါ ယမ်းချက်စက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ လူဦးရေ ၁၀၀ ထက်မနည်း ရှိကြောင်း သိရသော်လည်း၊ ထိခိုက် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ လူဦးရေ အတိအကျ မသိရှိရသေးဘဲ သျှမ်းသံတော်ဆင့်မှ အသေးစိတ် ဆက်လက်စုံစမ်းနေသည်။

ထိုယမ်းများကို လက်နက်တပ်ဆင် ထုတ်လုပ်ရာတွင် အသုံးပြုရန် မဟုတ်နိုင်ကြောင်း၊ သတ္တုတွင်း ကျောက်မိုင်းတွင်းများ ဖြိုခွဲရာတွင် အသုံးပြုရန် ထုတ်လုပ်နေသည့် ယမ်းများ ဖြစ်နိုင်ကြောင်း ပန်ဆန်းမြို့ခံတစ်ဉီးက သုံးသပ်ပြောသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းချက်စက်ရုံသည် တရုတ်နိုင်ငံသား ဦးဆောင်လုပ်ကိုင်သည့် စက်ရုံဖြစ်နိုင်ပြီး အဆိုပါ တရုတ်နိုင်ငံသားကို UWSA တပ်ဖွဲ့ဘက်မှ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ နောက်ဆုံးပတ်တွင်လည်း ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ မိုင်းမောမြို့တွင် ယမ်းချက်စက်ရုံ တစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...