ငဖဲမြို့တွင်းဝင်ရောက်တဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ CDF – Asho ပြော

ငဖဲမြို့တွင်းဝင်ရောက်တဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ CDF – Asho ပြော

အာဏာသိမ်း စစ်အစိုးရအုပ်ချုပ်နေဆဲဆိုတာ ပြည်သူလူထု မေ့လျော့မသွားအောင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Asho တပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့အတွင်း ဝင်ရောက်ကာ အင်အားပြတဲ့ စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(CDF – Asho) အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ငဖဲမြို့တွင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီ ရုံးတွေကို CDF – Asho တပ်ဖွဲ့မှ စစ်ကြောင်းမှူး မြွေပွေးဦးဆောင်မှုဖြင့် မြို့လုံခြုံရေးနှင့် စစ်ဆေးရေးတွေ ဝင်ရောက် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

CDF – Asho အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက “ မြို့တွင်းကို အခုလိုဝင်ရောက်ပြီးအင်အားပြရတာဟာ ပြည်သူတွေအနေနဲ့ လက်ရှိလည်း စစ်တပ်က အာဏာသိမ်းထားဆဲ စစ်တပ်ကနေ ဘယ်လောက်ဘဲ ရွေးကောက်ပွဲကနေ တက်လာတယ်ဆိုပြီးတော့ ပြည်သူကို ယိမ်းယိုင်အောင် ညင်သာတဲ့ နည်းနဲ့ အုပ်ချုပ်တယ်ပြောပေမယ့် အခုချိန်ထိ အာဏာသိမ်းထားဆဲ၊ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေဆဲဆိုတာကို မေ့လျော့မသွားအောင် မြို့တွင်းကို ဝင်ရောက်တာဖြစ်တယ်။ နောက်ပြီး ပြည်သူတွေနဲ့ အနီးကပ်ဆုံးမှာ ရှိချင်တာလည်းပါတယ်။ ပြည်သူတွေနဲ့ အနီးစပ်ဆုံးမှာ ရှိနေပါတယ်ဆိုတာကိုလည်း ပြချင်တဲ့ သဘောထားလည်းရှိပါတယ်။ တချို့ထင်ထားတာက တော်လှန်ရေး ၅ နှစ်ကျော်၊ ၆ နှစ်ကြာပြီဆိုပေမယ့်လည်း တော်လှန်ရေးလုပ်တဲ့သူတွေအနေနဲ့က မြို့နဲ့အဝေးဆုံး၊ တောတောင်တွေ လူသူအရောက်ပေါက်နည်းတဲ့နေရာမှာ တော်လှန်ရေးသမားတွေ နေထိုင်နိုင်တယ် တည်ရှိကြတယ်လို့လည်း သိထားကြတဲ့ အရပ်သားပြည်သူတွေရှိတဲ့အတွက် အဲလိုမဟုတ်ဘူးဆိုတဲ့အကြောင်း ပြည်သူလူထုနဲ့ အနီးအနားဆုံးမှာ ရှိနေတယ်ဆိုတဲ့ကြောင်းကိုလည်း ပြည်သူကို သတင်းပေးချင်တာဖြစ်လို့ မြို့ထဲကိုဝင်တဲ့ စစ်ဆင်ရေးကိုလုပ်ဆောင်တာဖြစ်တယ်။ တိုက်ပွဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးမဟုတ်ပါဘူး။ မြို့တွင်းအင်အားပြတဲ့ အခြေအနေပါ” လို့ပြောပါတယ်။

CDF – Asho တပ်ဖွဲ့တွေ မြို့တွင်းဝင်ရောက်ချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့ တောင်ပိုင်းမှာ နေရာယူထားတာဖြစ်ပြီး CDF – Asho တပ်ဖွဲ့တွေက မြို့ရဲ့ မြောက်ဘက်ကနေ ဝင်ရောက်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

CDF – Asho တပ်ဖွဲ့ဟာ မကွေးတိုင်း အရှို (ချင်း) လူမျိုးတွေတည်ရှိရာ ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...