ဒေသခံတွေရဲ့ စုပေါင်းရန်ပုံငွေဖြင့်ဝယ်ယူတဲ့လက်နက်တွေကို CDF – Lautu ထံ လွှဲပေးပြောင်းပေး

ဒေသခံတွေရဲ့ စုပေါင်းရန်ပုံငွေဖြင့်ဝယ်ယူတဲ့လက်နက်တွေကို CDF – Lautu ထံ လွှဲပေးပြောင်းပေး

ချင်းပြည်နယ်၊ လောက်တူဒေသရှိ ဒေသခံပြည်သူတွေရဲ့စုပေါင်းရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့တဲ့ လက်နက်ငယ် အလက် ၂၀ ကို CDF – Lautu ထံ လွှဲပြောင်းပေးခဲ့တယ်လို့ လောက်တူပြည်သူ့ရေးရာကောင်စီ ( LPAC) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကနေစတင်ပြီး ပြည်တွင်းနေ ဒေသခံပြည်သူတွေရဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် “The 20 Project” စီမံချက်အရ ဝယ်ယူရရှိတဲ့ လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းတွေကို CDF – Lautu ထံ မတ်လ ၃၀ ရက်နေ့မှာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

The 20 Project Steering Committee မှ ရန်ပုံငွေစာရင်းရှင်းတမ်းတွေကို ပွင့်လင်းမြင်သာစွာ ဖြန့်ဝေရှင်းလင်းပြီး ဝယ်ယူရရှိတဲ့ လက်နက်ခဲယမ်းတွေကို CDF – Lautu ထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခြင်းနှင့် ကောင်းချီးမင်္ဂလာခြွေဆုတောင်းပေးခြင်း အစီအစဉ်တွေကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ လောက်တူပြည်သူ့ရေးရာကောင်စီက ထုတ်ပြန်ပါတယ်။

The 20 Project စီမံချက် အောင်မြင်ဖို့ ဦးဆောင်ပေးတဲ့ ဦးဆောင်ကော်မတီဝင်တွေ သတ်မှတ်ရန်ပုံငွေပမာဏ ပြည့်မှီရရှိနိုင်ရန် အဓိကတာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် ခွဲတမ်းအသီးသီးအား ထည့်ဝင်ပေးကြတဲ့ မိဘပြည်သူအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့လည်း လောက်တူပြည်သူ့ရေးရာကောင်စီက ထုတ်ပြန်ပါတယ်။

CDF – Lautu တပ်ဖွဲ့ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ မတူပီမြို့နယ်က လောက်တူမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသတွေကို ထိန်းချုပ်ထားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

June 25, 2026
ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ချင်းလူမျိုး လင်မယား (၂) ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က...
June 24, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ဧပြီလ ၁၁ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်အတွင်း လေကြောင်း...
June 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း)က စစ်ဘေးရှောင်အရပ်သားပြည်သူတွေ...
June 22, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာလို့ မရအောင်...