စစ်တွေတွင် ယခုလအတွင်း အနည်းဆုံး လူပေါင်း ၅၀ နီးပါး ဖမ်းဆီးခံရ

စစ်တွေတွင် ယခုလအတွင်း အနည်းဆုံး လူပေါင်း ၅၀ နီးပါး ဖမ်းဆီးခံရ

ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင် စစ်ကော်မရှင်နှင့် ၎င်း၏ အပေါင်းအပါ ပူးပေါင်းတပ်ဖွဲ့များက ဒေသခံပြည်သူများအား ဖမ်းဆီးမှုများ တိုးမြှင့် လုပ်ဆောင်နေရာ  ယခုလ ၇ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အနည်းဆုံး လူပေါင်း ၅၀ နီးပါးအထိ ဖမ်းဆီးခံထားရသည်ဟု သိရသည်။  

စစ်တွေတွင် အရပ်သားပြည်သူများကို သံသယဖြင့် ပစ်မှတ်ထားဖမ်းဆီးမှုများကို တစ်နေ့ထက် တစ်နေ့ ပြုလုပ်နေရာ မတ် ၁၇ ရက်နေ့က တစ်ဦး၊ မတ် ၁၈ ရက်နေ့ကတစ်ဦး ထပ်မံဖမ်းဆီခံခဲ့ရသည်ဟု သိရသည်။

၎င်းတို့နှစ်ဦးကတော့ စစ်တွေမြို့ နယ်၊ သဲချောင်း ရခိုင်ရွာမှ ဦးရွှေဝင်နှင့် ကိုရိမ်ပိုက်ရွာကြီး (မူဆလင်)ရွာမှ ရှူးဂူ တို့ဖြစ်ကြောင်း သိရသည်။

ကိုရွှေဝင်းကိုတော့ ၁၇ ရက်၊ ည ၂ နာရီ အချိန်ခန့်မှာသူနေထိုင်ရာ သဲချောင်းရွာထဲကိုမင်းဂံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၇ ဦး ဝင်ရောက်လာပြီးသူ၏ နေအိမ်ကနေ မတရားဖမ်းဆီးသွားခဲ့ပြီး မတ်၁၈ ရက်နေ့နံနက်တွင်  မင်းဂံရဲစခန်းကနေ စစ်တွေမြို့မရဲစခန်းသို့ ပြောင်းရွှေ့လိုက်သည်ဟုသိရသည်။

အလားတူ မတ်၁၆ ရက် ညနေ၃ နာရီအချိန်ကလည်း စစ်တွေမြို့နယ်၊ သက္ကေပြင်ရွာမ(ကမန်ရွာ)မှာ ရောက်ရှိနေသောကိုရိမ်ပိုက်ရွာကြီး (မူဆလင်) မှ ရှူးဂူ ကိုလည်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟုသိရသည်။

၎င်းအပြင် မတ်၁၈ ရက်နေ့ညအချိန်က ရဲတပ်ဖွဲ့ဝင် ၂၅ ဦးသည် ဘောဒူဖ၊ အုန်းတောချေ၊ ဆီးသမားကြီးနှင့်ဖွဲရာကုန်း(မွဆလင်) IDP ကယ်ဆယ်စခန်းတွေကိုကင်းလှည့်နေ့စဉ်အတွင်း ဘောဒူဖကယ်ဆယ်ရေးစခန်းမှ မွတ်ဆလင်အမျိုးသား ၁၀ ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် တစ်ဦးစီကိုငွေကျပ် ၂ သိန်းစီ ခြိမ်းခြောက်တောင်းယူပြီး ပြန်လွှတ်ပေးလိုက်သည်ဟုဒေသခံမွတ်ဆင်များက ပြောသည်။

စစ်ကော်မရှင်သည် မတ် ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ တပတ်အတွင်း အမျိုးသား ၃၅ ဦးထက်မနည်းကိုလည်းဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် စစ်တွေမြို့နယ်၊ ဘောဒူဖ (မူဆလင်)ကယ်ဆယ်ရေးစခန်း နှစ်ခုမှ မွတ်ဆလင်အမျိုးသား ၂၁ ဦး၊ ဆတ်ရိုးကျရပ်ကွက်၊ အကွက် (၂) ကယ်ဆယ်ရေးစခန်းမှ ဟိန္ဒူအမျိုးသား ၁၀ ဦး၊ အင်္ဘာရီရွာကြီး(မွတ်ဆလင်)ရွာမှ အမျိုးသား ၁ ဦး၊ အလားသင်(မွတ်ဆလင်)ရွာမှ ၁ ဦး၊ ဒါးပိုင်ရွာသစ်(မွတ်ဆလင်)ရွာမှ ၁ ဦးနှင့် ခုတင်ပိုက်(မွတ်ဆလင်)ရွာမှ ၁ ဦး ပါဝင်သည်။

ခုတင်ပိုက်ရွာမှ မတ်၁၁ ရက်နေ့နံနက်က ဖမ်းဆီးခံရသူ ကိုမောင်ဘုယာ(၂၈) နှစ်အား ကြွီတဲရွာအထိုင်ချစစ်တပ်စခန်းမှ သစ်ဝယ်ယူထားပြီး သစ်ဖိုးငွေမပေးနိုင်ဟုဆိုကာ တစ်ညလုံး ကြိုးဖြင့်ချည်နှောင်ကာ ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း ဒေသခံမူဆလင်တဦးကပြောကြားခဲ့သည်။

မတ်၁၀ ရက်နေ့နံနက်က ဖမ်းဆီးခံရသူ အလားသင်(မွတ်ဆလင်)ရွာမှ မာ့ဆော်လိမ် ဆိုသူကို ပြည်သူ့စစ်များအတွက် ကောင်ခံသည့် ငွေမပေးနိုင်ဟုဆိုကာ အောင်တိုင်ရွာအထိုင်ချ ရဲစခန်းမှဖမ်းဆီးခဲ့ပြီး ပြည်သူ့စစ်အဖြစ် အဓမ္မ သွင်းလိုက်ကြောင်း သိရသည်။

မတ် ၉ ရက်နေ့ ည ၇ နာရီအချိန်တွင် ဆတ်ရိုးကျရပ်ကွက်၊ အကွက် (၂) ကယ်ဆယ်ရေးစခန်းမှ အကြောင်းမဲ့ဖမ်းဆီးခံရသူဟိန္ဒူအမျိုးသား ၁၀ ဦးကိုလည်းရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တပ်ဖွဲ့ဝင်များက အတင်း အဓမ္မ စစ်သင်တန်းတက်ခိုင်းထားကြောင်း သိရှိရသည်။

ထိုသို့ သင်တန်းတက်ခိုင်းထားကြောင်း ကယ်ဆယ်ရေးစခန်းမှ ဒေသခံများ ပြောကြားထားသော်လည်း ALP ဘက်ကို ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...
March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...
March 19, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း(၁၇) နှစ်မြောက်၊ တပ်တော်‌...