အာရက္ခအမျိုးသားတက္ကသိုလ်တွင်တက်ရောက်ရန် လျှောက်လွှာများခေါ်ယူနေ

အာရက္ခအမျိုးသားတက္ကသိုလ်တွင်တက်ရောက်ရန် လျှောက်လွှာများခေါ်ယူနေ

ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်မည့်သူများအတွက် လျှောက်လွှာများကိုလည်း စတင်ခေါ်ယူနေပြီဟု သိရသည်။

အဆိုပါလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်ကာ ဧပြီလ ၂၁ ရက်အထိ လျှောက်ထားနိုင်သည်ဟုလည်း ဆိုထားသည်။

ရခိုင်မှ ဘွဲ့မရသေးဘဲ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေသော ကျောင်းသား/သူများအတွက် အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနက တက္ကသိုလ်အဆင့်သင်ကြားရေးကို ပြန်လည်ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ တက္ကသိုလ်အဆင့်သင်ကြားရေးများ ပြန်လည်စတင်နိုင်သည့်အပေါ် ဝမ်းသာကြိုဆိုသည်ဟု ဥပဒေ တတိယနှစ်ကျောင်းသူ မအေးမြတ်ကျော်က ပြောသည်။

“ကျောင်းနားထားရတာလည်း ကြာပြီဆိုတော့ အခုလိုကျောင်းတွေပြန်ဖွင့်လာတဲ့အပေါ် ဝမ်းသာမိတယ်။ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက်လည်း အခွင့်အလမ်းတွေ ပြန်ပွင့်လာတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

၂၀၂၆–၂၀၂၇ ပညာသင်နှစ် ဥပဒေဘွဲ့အတွက် စတုတ္ထနှစ်နှင့် ပဉ္စမနှစ်များကို အဝေးသင်နှင့်‌ဒေး သင်ကြားပုံစံ နှစ်မျိုးစလုံးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု သိရသည်။

ဝိဇ္ဇာအထူးပြုဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ပထဝီ၊ သမိုင်း၊ စိတ်ပညာ၊ ဥပဒေ၊ စီးပွားရေးပညာ၊ နိုင်ငံတကာဆက်ဆံရေး ပညာ/နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ အနုပညာဘာသာရပ်များကို လျှောက်ထားနိုင်ပြီး သိပ္ပံအထူးပြုဘာသာရပ်အနေနှင့် ရူပဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒ၊ သင်္ချာ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် တခြားသိပ္ပံဘာသာရပ်တွေကို လျှောက်ထားနိုင်သည်ဟုလည်း သိရသည်။

သင်တန်းများ ပြီးဆုံးပါက သက်ဆိုင်ရာ B.A., B.Sc., B.A.(Q), B.Sc.(Q), LL.B ဘွဲ့များကို ပေးအပ်သွားမည်ဟု စုံစမ်းသိရှိရသည်။

ရခိုင်မှ အင်္ဂလိပ်စာတတိယနှစ်တက်ရောက်ရန် လျှောက်ထားလိုက်သည့်အမျိုးသမီးငယ်တစ်ဦးကလည်း “အခုလို လျှောက်လွှာခေါ်တော့ ဘာပဲပြောပြော ဘွဲ့လိုချင်တဲ့အတွက် လျှောက်ထားလိုက်တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ကျောင်းမပြီးလိုက်တော့ အခု ဆက်တက်ရမယ်ဆိုတော့ ဝမ်းသာပါတယ်”ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲများစတင်ကတည်းက ရပ်တန့်နေခဲ့သည့် အဆင့်မြင့်တက္ကသိုလ်ပညာရေးစနစ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ၎င်းတို့ထိန်းချုပ်ဒေသများတွင် ပြန်လည်အကောင်အထည်ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။

July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...