IEC စိုက်ပျိုးရေးဌာနက သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချမှုနဲ့ ပညာပေးလုပ်ငန်းကို ဆောင်ရွက်နေ

IEC စိုက်ပျိုးရေးဌာနက သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချမှုနဲ့ ပညာပေးလုပ်ငန်းကို ဆောင်ရွက်နေ

ကရင်နီက စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူအတွက် အထောက်အကူပြုစေတဲ့ သဘာဝမြေဩဇာတွေကို ထုတ်လုပ်ရောင်းချပေးတာ၊ လူထုတွေကို ပညာပေးတာ ဆောင်ရွက်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနရဲ့ ဌာနမှူးကြီး ခူးတူရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“IECရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးနဲ့ဆို ဒီ သဘာဝမြေဩဇာတွေကို ထုတ်လုပ်လျက်ရှိတာပေါ့။ သဘာဝမြေဩဇာ မကဘူး တိရစ္ဆာန်အစားအစာတွေ ဥပမာ ဒေသထုတ်ကုန်တွေ အခြေခံပြီးတော့ သဘာဝ မွေးမြူရေး တိရစ္ဆာန် အစားအစာတွေကို ကျနော်တို့ ထုတ်လျက်ရှိတယ်ပေါ့။ “လို့ ခူးတူရယ်က ဆိုပါတယ်။

ဒ့ါအပြင် တိရစ္ဆာန် မွေးမြူရေးပိုင်း ဆိုင်ရာတွေမှာလည်း သဘာဝအားဆေး၊ သဘာဝ ပိုးသတ်ဆေးတွေကို ဖော်စပ်မှုတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ ဓါတ်မြေဩဇာ တစ်အိတ်ကို မြန်မာငွေကျပ် ၁ သိန်း ၃ သောင်းခွဲဝန်းကျင်ရှိပါတယ်။ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနကနေ ထုတ်လုပ်ပေးတဲ့ သဘာဝမြေဩဇာ တစ်အိတ် (၂၅ ကီလို) ကိုတော့ မြန်မာငွေ ကျပ် ၂ သောင်းခွဲ ဝန်းကျင် ရောင်းချပေးတာရှိသလို တချို့နေရာမှာတော့ အခမဲ့ ပေးဝေတယ်လို့ သိရပါတယ်။

လူထုတွေအတွက် စိုက်ပျိုးရေး ကဏ္ဍအပြင် အစားအသောက်အတွက် အထောက်အကူဖြစ်စေမည့် လုပ်ငန်းဆောင်ရွက်မှုမှာလည်း ဒေသခံအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းကြဖို့ကိုလည်း ခူးတူရယ်က တိုက်တွန်းထားပါတယ်။

“ကျန်တဲ့ အခြား CSO အဖွဲ့ အစည်းတွေ အားလုံးကိုလည်း ကျနော့်အနေနဲ့ တိုက်တွန်းချင်တာက ကျနော်တို့ရဲ့ လုပ်ငန်းတွေကို ပူးပေါင်းပြီးတော့ ဆောင်ရွက်စေချင်တယ်ပေါ့။ ဒါမှသာလျှင် ကျ‌နော်တို့ တောင်သူတွေ ရင်ဆိုင်ခံစားနေရတဲ့ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုတွေကို အထိုက်အလျောက်တော့ ကျနော်တို့ လျှော့ချသွားနိုင်မယ်လို့ ယူဆတယ်ပေါ့။” လို့ ခူးတူရယ်က ဆိုပါတယ်။

IE စိုက်ပျိုးရေးဌာနကနေ စစ်ရှောင်စခန်းက လူထုတွေကို သဘာဝမြေဩဇာ လက်တွေ့ပြုလုပ်တာ၊ ပညာပေးလုပ်ငန်း ပို့ချပေးနေသလို အခြားသော အဖွဲ့အစည်းတချို့လည်း ဆောင်ရွက်ပေးနေပါတယ်။

အခုလို သဘာဝမြေဩဇာ ကိုယ်ပိုင် ထုတ်လုပ်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ များစွာ အ‌ထောက်အကူဖြစ်စေနိုင်သလို အခြားသော သွင်းအားစု ဝယ်ယူမှုလည်း သက်သာလျှော့ချစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...