တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ကူးသူများကို ကျပ် ၁၃ သိန်းထိတောင်းခံနေ

တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ကူးသူများကို ကျပ် ၁၃ သိန်းထိတောင်းခံနေ

ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ကူးသန်းသွားလာရာတွင် စစ်ကော်မရှင် လက်အောက်ခံ ဝန်ထမ်းများနှင့် အေးဂျင့်များက VIP Pass ခေါင်းစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၁၃ သိန်း (ထိုင်းဘတ် ၈,၀၀၀ ခန့်) အထိ တောင်းခံနေကြောင်း ခရီးသွားလာသူများက ပြောသည်။

ပြည်ပသို့ ထွက်ခွာမည့်သူများကို စစ်ကော်မရှင် လက်အောက်ခံ လဝက ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အေးဂျင့်ကုမ္ပဏီများ ပူးပေါင်းကာ VIP Pass မပါရှိပါက အမျိုးမျိုး အကြောင်းပြချက်ပေး၍ တားဆီးခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ အခက်အခဲမရှိစေရန်အတွက် ခရီးသွားလာသူများမှာ မဖြစ်မနေ ငွေပေးဆောင်နေရသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း နယ်စပ်ဖြတ်ကျော်ခဲ့သူတစ်ဦးက “မဖြစ်မနေ ပေးရတာတော့ မဟုတ်ဘူး။ သူတို့ ရစ်ရင် ဒီမှာစီစဉ်ထားသမျှ အလကားဖြစ်မှာစိုးလို့ ပေးရတာ။ တကယ်လည်း ရှေ့မှာတင် လူငယ် ၃ ယောက်။ သူတို့ ရစ်လို့ ထွက်မရတော့ဘူး” ဟု ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ကို ပြောပြသည်။

ထိုသို့ ငွေတောင်းခံရာတွင် ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာ၊ အလုပ်ဗီဇာ၊ ပညာရေးနှင့် ပင်စင်ဗီဇာ စသည့် တရားဝင်ဗီဇာကိုင်ဆောင်သူများ အေးဂျင့်များမှတစ်ဆင့် ပေးဆောင်နေရခြင်းဖြစ်သော်လည်း၊ တာချီလိတ် အိမ်ထောင်စုစာရင်းဖြင့် ပြုလုပ်ထားသည့် (စာအုပ်အပြာ) ကိုင်ဆောင်ထားသူများနှင့် နေ့စဉ်သွားလာနေသည့် အခြေခံလုပ်သားများမှာမူ အကျုံးမဝင်ဟု ဆိုကြသည်။

ထို့ပြင် စစ်ကော်မရှင်က အတင်းအကျပ် ပြဌာန်းထားသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြား (OWIC) ကတ် ကိုင်ဆောင်ထားသူများမှာလည်း အဆိုပါ VIP ကြေးကို ပေးဆောင်နေရသဖြင့် နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်ဟု ဆိုကြသည်။

ပွဲစားနှင့် နီးစပ်သူတစ်ဦးက “ရန်ကုန်လမ်းကြောင်းက ဈေးပိုလို့ ဒီဘက်ကို လေယာဉ်နဲ့လာပြီးမှ ဟိုဘက်ကမ်း ပြန်ကူးတာပါ။ တာချီလိတ် လေယာဉ်ခဈေးကြီးတာနဲ့ အတူတူလောက်ပါပဲ” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာရာတွင်လည်း VIP Pass ကြေးမှာ တစ်ဦးလျှင် ကျပ်သိန်း ၃၀ အထိ ပေါက်ဈေးရှိနေကြောင်း ခရီးသွားအေးဂျင့်အသိုင်းအဝိုင်းက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ထွက်ခွာ သည့် လူငယ်ဦးရေ နေ့စဉ်တိုးပွားလျက်ရှိသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ စစ်ကော်မရှင် လက်အောက်ခံ Non-CDM ဝန်ထမ်းများက အဂတိ လိုက်စားမှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနေခြင်း ဖြစ်သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုနေ ကြသည်။

မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...
 ဓါတ်ပုံ - (ပုံဟောင်း / Crd)
August 28, 2026
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု...
August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...
ဓာတ်ပုံ - Crd
August 27, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏...