စစ်တပ် ဝင်းဝစခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့ အပြီးသတ် သိမ်းပိုက်

စစ်တပ် ဝင်းဝစခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့ အပြီးသတ် သိမ်းပိုက်

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (ကစယ်ဒိုးမြို့နယ်)၊ ထားဝယ်-မြိတ် အမှတ်(၈) လမ်းမကြီး မင်းဒပ်ကျေးရွာတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသည့် စစ်ကော်မရှင် ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်ကော်မရှင် ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဝင်းဝတပ်စခန်း သိမ်းပိုက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ကို KNU က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ တပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မိုတော်တပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်းနှင့် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

‎ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း မြိတ်ထားဝယ်ခရိုင်၊ အမှတ်(၄)တပ်မဟာနယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲ ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၇၃ ဦးသေဆုံးကာ ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကော်မရှင် ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင်နှင့် မောမစား တပ်စခန်းများ သိမ်းပိုက်ရရှိခဲ့သည်။

Most read this week

September 15, 2026
မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့်...
September 14, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့်...
September 14, 2026
မွန်ပြည်၊ ကျိုက်မရော-မော်လမြိုင် လမ်းပိုင်း၌ ထိုင်းကုန်ပစ္စည်းများ တင်သွင်းလာသည့်...
September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...