ဖရူဆိုစစ်ရှောင်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ဖရူဆိုစစ်ရှောင်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ မီးလောင်ဗုံး တွေနဲ့ နေ့စဉ်ပစ်ခတ်မှု ပြုလုပ်နေပြီး အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်တွေဟာ မနေထိုင်ရဲတော့ဘဲ ထပ်ဆင့်တိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထပ်ဆင့်တိမ်းရှောင်ဖို့ သွားရောက်ပြင်ဆင်တဲ့နေရာကိုလည်း စစ်ကော်မရှင်တပ်က မနေ့က မတ်လ ၁၂ ရက်နေ့မှာ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာတယ်လို့ အဆိုပါစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်တွေက ပြောပါတယ်။

“ကျနော်တို့က အခုက ထပ်ရှောင်နေရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ တဲတွေထပ်သွားဆောက်ရတဲ့ နေရာကို သူတို့က (စစ်ကော်မရှင်တပ်) လက်နက်ကြီးတွေနဲ့ ထုလာတယ်။ ထုလာတဲ့အချိန်မှာ စစ်ရှောင်နေအိမ်တွေတော့ မထိပေမယ့် ခြိမ်းခြောက်မှုတွေ လုပ်နေတယ်။” လို့ အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ထပ်ဆင့်တိမ်းရှောင်ဖို့ သွားရောက်ပြင်ဆင်ထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ဖရူဆိုကနေ နန်းဖဲကို ဦးတည်တဲ့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းကနေ ပစ်ခတ်နေတာဖြစ်တယ်လို့ စစ်ဘေးရှာင်တွေက ပြောပါတယ်။

“စစ်ရှောင်တွေက ထပ်ဆင့်ရှောင်ကြတာ။ စားနပ်ရိက္ခာတွေ နည်းနည်းပါးပါး သိုလှောင်ထားတဲ့ နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လာထောက်တယ်။ လာပစ်သွားတယ်။ လက်နက်ကြီးနဲ့ ထုလာတယ်။ မီးလောင်ဗုံးလားမသိဘူး။ မီးလောင်သွားတယ်လေ။” လို့ အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

မတ်လ ၈ ရက်နေ့မှာ အဆိုပါ စစ်ရှောင်စခန်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး သုံးလုံးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စပါးကျီအတွင်းရှိ စပါး အိတ်ရေ ( ၁၅ ) အိတ်၊ ပြောင်းကောက် အိတ်ရေ ( ၂၀ ) နဲ့ မြေပဲ အိတ်ရေ ( ၅၀) ပျက်စီးဆုံးရှုံးသွားပါတယ်။

ဒါ့အပြင် မတ်လ ၅ ရက်နေ့မှာလည်း အဆိုပါ နေရာအနီးကို စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးတဲ့အပြင် စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...