ငါးရက်ဆက်တိုက် လေကြောင်းဗုံးကြဲ၍ ဖလူး၊ မင်းလက်ပံရွာနေအိမ်များ ပျက်စီးမှုများပြား

ငါးရက်ဆက်တိုက် လေကြောင်းဗုံးကြဲ၍ ဖလူး၊ မင်းလက်ပံရွာနေအိမ်များ ပျက်စီးမှုများပြား
Photo: CJ
Photo: CJ

ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့ မတ်လ(၁၂)ရက်နေ့အထိ စစ်အုပ်စု ကလေကြောင်းဗုံးကြဲမှု နေ့စဥ်မပြတ်လုပ်ဆောင်သောကြောင့် ရွာရှိနေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

မြေပြင်မှထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် စစ်အုပ်စုက ဂျက်တိုက်လေယာဉ်၊ Y12၊ Y8 လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ရွာရှိလူနေအိမ်များအပြင် ဖလူးလေးဘုရားကုန်း၊ မင်းလက်ပံဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းများပါ ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု စစ်ရှောင်ဒေသခံများက ဆိုသည်။

"လေယာဉ်က ဒီနေ့မနက်နဲ့ဆို (၅)ရက်ရှိပြီ ကြဲတာ။ အခုမနက်ဆို (၈)နာရီကျော်လောက်ကတည်းက လာကြဲတယ်။ အိမ်တွေ ကျောင်းတွေ ဘုန်းကြီးကျောင်းတွေရော ဆေးခန်းတွေရော ပျက်ကုန်ပြီ။" ဟု စစ်ရှောင် ဖလူးရွာသားက ပြောသည်။

ထို့အပြင် လေးကေကော်၊ လက်ခတ်တောင်၊ အင်ကြင်းမြိုင်နှင့် မယ်ထော်သလေးဘက်တို့တွင် စစ်အုပ်စုတပ်ဖွဲ့များရှိနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်စိုးမိုးနယ်မြေများကို ရရှိရေး လေကြောင်းဖြင့်ဖိအားပေးတိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

KNLA မဟာမိတ် (၃၂) ဗျူဟာမှ တပ်ဖွဲ့ဝင်တစ်ဦးက "ဖလူးကိုတိုက်လာတဲ့ မြေပြင်တပ်ဖွဲ့တွေထိခိုက်သေဆုံးမှုရှိတော့ စစ်ကြောင်းလိုက် တက်မလာရဲဘူး။ အဲဒါကြောင့် လေယာဉ်ဗုံးကြဲပြီး ရှင်းခိုင်းတာမျိုးလုပ်နေတာ။ ဖလူးလေးနဲ့ မင်းလက်ပံဘက်ကို စစ်တပ်စစ်ကြောင်းအနီးကပ်တက်ဖို့" ဟု ကေအိုင်စီသို့ ပြောသည်။

တော်လှန်ရေးအင်အားစုများပြောပြချက်အရ တိုက်ပွဲဖြစ်ပွားနေသည့် ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက KNLA မဟာမိတ်တပ်နေရာများကို အသေခံဒရုန်းတိုက်ခိုက်မှုအပြင် လေကြောင်းဗုံးကြဲမှု (၁၀) ကြိမ်ထက်မနည်းရှိခဲ့သည်။

ထိုတိုက်ပွဲကြောင့် မြဝတီတောင်ပိုင်းတွင်စစ်ဘေးရှောင်ဦးရေ မြင့်တက်လျက်ရှိပြီး ဝေါလေ၊ ဆုံဆည်းမြိုင်၊ ဖလူးလမ်းပိုင်းမှ မြဝတီမြို့ဘက်သို့ အသွားအလာများလည်း ပြတ်တောက်နေသည်။ လမ်းပန်းအခက်အခဲကြား အကူအညီပေးလာသည့် ထိုင်းနိုင်ငံမှတစ်ပိုင်တစ်နိုင်အလှူရှင်များ၊ စစ်ရှောင်ကူအဖွဲ့တချို့၏ထောက်ပံ့မှုဖြင့် လတ်တလော ရိက္ခာမျှဝေစားသောက် ရပ်တည်နေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်လူထုက ဆိုသည်။

တဖက်ကမ်းထိုင်းနိုင်ငံဘက်တွင်လည်း မြန်မာဘက်ကလေကြောင်းဗုံးကြဲမှု သက်ရောက်လာနိုင်သည့်အရေး ထိုင်းစစ်တပ်က ၎င်းတို့နိုင်ငံသားများအား လုံခြုံရေးသတိပေးထားပြီး မြန်မာစစ်ဘေးရှောင်များ နယ်စပ်ဖြတ် ဝင်လာမည်ကိုလည်း ကင်းလှည့်စောင့်ကြည့်နေကြသည်ဟု သိရသည်။

ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...
ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...