စစ်ရှောင်ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်ဖို့ ပန်းချီသင်တန်း ပို့ချ

စစ်ရှောင်ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်ဖို့ ပန်းချီသင်တန်း ပို့ချ

ကရင်နီပြည်တွင်းက စစ်ဘေးဒဏ်ကြားမှာနေထိုင်ကြတဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို တနည်းတဖုံ ကုစားနိုင်ဖို့အတွက်ရည်ရွယ်ပြီး ကျေးလက်မြေအဖွဲ့ကနေ ဦးဆောင်ကာ ပန်းချီသင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ဒီးမော့ဆိုအနောက်ခြမ်း တစ်နေရာမှာ ပြုလုပ်ပေးခဲ့တာပါ။

“များသောအားဖြင့် ဒီကရင်နီပြည်က ကလေးငယ်တွေက စစ်ဘေးစစ်ဒဏ် ခံခဲ့ရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်ဒဏ်၊ တိုက်ပွဲနဲ့ အနီးဆုံးမှာရှိနေတဲ့ နေရာမှာ ရှိတဲ့အတွက် ကျောင်းပိတ်ချိန်မှာ စိတ်ခွန်အားရတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်ပေါ့။”လို့ ဦးဇော်မင်းထိုက် က ပြောပါတယ်။

စစ်ရှောင်စခန်းမှာ တစ်ရက်သာ ပြုလုပ်ပေးခဲ့ပြီး စစ်ရှောင်ကလေးတွေရဲ့ စိတ်ထဲရှိတဲ့ ခံစားမှုအတိုင်း ပုံဖော်ကာ ပန်းချီပုံတွေရေးဆွဲကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင်လူထုတွေရဲ့ အခြေအနေအရ အခုလို ပန်းချီဆွဲနည်း ပို့ချပေးမှုတွေကို လိုအပ်သလို စစ်ရှောင်စခန်းတွေမှာ မကြာခဏ လုပ်ဆောင်ပေးတယ်လို့ ဦးဇော်မင်းထိုက်က ဖြည့်စွက်ပြောဆိုထားပါတယ်။

အခုလို ကလေးငယ်တွေအတွက် လုပ်ဆောင်ပေးတာဟာ ကျေးလက်မြေအဖွဲ့တာဝန်ရှိသူတွေအပြင် ကျောင်း ဆရာ/မ နဲ့ ကလေးမိဘတွေလည်း ပါဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ ကျေးလက်မြေအဖွဲ့က ပြောပါတယ်။

ဓါတ်ပုံ - ဇော်မင်းထိုက်

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...