မြစ်ကြီးနားမြို့တွင်း ဆိုင်ကယ်ချင်းတိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

မြစ်ကြီးနားမြို့တွင်း ဆိုင်ကယ်ချင်းတိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်၂ စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မတ်လ ၉ ရက်၊ ည ၇ နာရီဝန်းကျင်အချိန် အေးမြသာယာရပ်ကွက် ဘုရားတစ်ထောင်အကျော်မှာ ဆိုင်ကယ်အချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာကနေ ဆိုင်ကယ်မောင်းတဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်အချင်းချင်း အရှိန်ပြင်းစွာ တိုက်မိကြတာဖြစ်တဲ့အတွက် အမျိုးသား ၂ ဦးအနက် တစ်ဦးက ဆေးရုံမှာသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

“ဆိုင်ကယ်တွေ တော်တော်ပျက်စီးနေပြီ။ ဆုံးသွားတဲ့တစ်ယောက်က ခေါ်လို့မရတော့ဘူး။ သူက တော်တော် ဒဏ်ရာများတယ်။ ခြေထောက်တွေရောကျိုးတယ်။ နားထဲကနေလည်း သွေးတွေတော်တော်ထွက်နေတာ”လို့ ဆိုပါတယ်။

ကျန်အမျိုးသားတစ်ဦးကတော့ ခြေထောက်ကျိုးပြီး တစ်ခြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့်လည်း အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။

မြစ်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ယာဉ်မတော်တဆမှု ၂၃ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်မှုတွေ ရှိခဲ့ပေမယ့်လည်း သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့ တစ်လအတွင်း ယာဉ်မတော်တဆပေါင်း ၃၁ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အမျိုးသမီး၂ဦးထိ ရှိခဲ့တာ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေဟာ များသောအားဖြင့် အရက်သေစာ သောက်စားမှု မောင်းနှင်မှု၊ လမ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါအပြင် ညအချိန်မှာ ပိုအဖြစ်များပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အမျိုးသားတွေ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...