ဒီးမော့ဆိုအနောက်ခြမ်းမှာ ဓာတ်ဆီ မရောင်းပေးလို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုဖြစ်ပွား

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဓာတ်ဆီ မရောင်းပေးလို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုဖြစ်ပွား
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်

ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ မနက် ၁ နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆီကုန်နေပြီဖြစ်ကြောင်း ပြောရာကနေ အဆိုပါ ဝယ်သူ နှစ်ဦးက သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ဆီဆိုင်အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဓာတ်ဆီဆိုင်က ဦးလေးကိုလာနိုးတော့ ဦးလေးက ထလာတယ်ပြောတယ်။ ထလာတော့ ဆီမရှိဘူး။ ဆီကုန်သွားပြီပေါ့။ ရောင်းဖို့လည်းမရှိဘူးလို့ ဦးလေးကပြောတော့ သူစိတ်တိုတယ်ပြောတယ်။ အရှေ့ဖက်သွားလားမသိဘူး။ မူးမူးရူးရူးနဲ့ သူရမ်းတော့ စကားပြောလည်းကျယ်တော့ ခွေးတွေကဟောင်တော့ သေနတ်ကိုင်ပြီး သေနတ်ပစ်ဖောက်လိုက်တယ်။” လို့ အိမ်နီးနားချင်းတစ်ဦးက ပြောပါတယ်။

သေနတ်ပစ်ဖောက်ခဲ့တဲ့ သူနှစ်ဦးကိုတော့ မည်သူမည်ဝါမှန်း အတည်မပြုလိုက်နိုင်ဘူးလို့ အိမ်နီးချင်းတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုမှာတော့ ထိခိုက်သူတစုံတရာ မရှိခဲ့ဘူးလို့ဆိုပါတယ်။

လတ်တလော ကရင်နီပြည်က နေရာအများစုမှာ ဆီတွေပြတ်လပ်နေပြီး ဝယ်မရတော့တဲ့အထိ ဖြစ်နေတာပါ။ အမေရိကန်၊ အစ္စရေး၊ အီရန်စစ်ပွဲကြောင့် ရေနံဆီတင်သွင်းမှု မရှိသလောက်ဖြစ်သွားတဲ့ နောက်ပိုင်း မြန်မာအပါအဝင် နိုင်ငံတချို့မှာ လောင်စာဆီအလုံအလောက် ဝယ်မရတော့တာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့ ကရင်နီပြည်က မြို့နယ်တွေမှာလည်း ဓာတ်ဆီစျေး ၈၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင်ထိ စျေးတက်လာပါတယ်။

တဖက်မှာလည်း အရပ်သားလူထုတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ လက်နက်ကိုင်ဆောင်ထားသူတချို့ရဲ့ အကြောင်းမရှိ သေနတ်ပစ်ဖောက်မှုတွေကြောင့် လူထုတွေ စိုးရိမ်မှုမြင့်တက်လာနေပါတယ်။ ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေက အများပြည်သူကြား သေနတ်ကိုင်ဆောင်ပြီး သွားလာနေမှုကိုလည်း ထိန်းချုပ်ဖို့လိုအပ်တယ်လို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...