ဒေါက်တာညိုထွန်း‌အောင်၏ မွေးနေ့အမှတ်တရ ကံစမ်းဆုများ မဲဖောက်ပေးမည်

ဒေါက်တာညိုထွန်း‌အောင်၏ မွေးနေ့အမှတ်တရ ကံစမ်းဆုများ မဲဖောက်ပေးမည်

ယနေ့ မတ်လ ၄ ရက်နေ့တွင်ကျရောက်သည့်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ (၄၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သူပုန်ဖြူ ကဗျာစာအုပ်ဝယ်ယူထားသူ ၁၅၀၀၀ကို iPhone 17 Pro Max, MacBook Pro Air အပါအဝင် ကံစမ်းမဲဆုကြီး (၁၀)ဆုနှင့်နှစ်သိမ့်ဆု (၂၀)ဆု တို့အားမဲဖောက် ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

ဤအစီအစဉ်အား ဒေါက်တာညိုထွန်းအောင်၏ မွေး‌နေ့အမှတ်တရအဖြစ် သူပုန်ဖြူ Team နှင့် သူ့အား ချစ်ခင်လေးစားသော  မိတ်ဆွေများမှ စုပေါင်း ပြုလုပ်သွားမည်ဟု သိရသည်။

“ သူပုန်ဖြူကဗျာစာအုပ် ဝယ်ယူအားပေးသူများနှင့် လေလံပြိုင်ပွဲဝင်နွှဲသူ ကဗျာချစ်၊စာချစ်သူ မိတ်ဆွေများအားလုံးအတွက် “Dr.ညို ၏မွေးနေ့အမှတ်တရ (သို့မဟုတ်)သူပုန်ဖြူ Team နှင့် သူ၏ ချစ်ခင်ရပြီး ချစ်စရာကောင်းသော မိတ်ဆွေများမှစုပေါင်း ကံစမ်းမဲ အစီအစဉ်” ကို ယနေ့၊ မတ်လ (၄) ရက်၊ ဗုဒ္ဓဟူးနေ့ အာရက္ခစံတော်ချိန် နေ့လယ်(၁၂) နာရီအချိန်တွင် Live လွှင့်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကဗျာစာအုပ်စတင်ရောင်းချသည့်အချိန်မှစ၍ သူပုန်ဖြူ Team မှကြိုတင်ကြေငြာထားသည့်အတိုင်း ကဗျာစာအုပ်အမှတ်စဉ်ပါသောသူပုန်ဖြူ ကဗျာစာအုပ်ပိုင်ရှင်တိုင်းသည် ကံစမ်းခွင့်ရှိပြီးသူပုန်ဖြူကဗျာစာအုပ်တစ်အုပ် လက်ဝယ်ရှိသူတိုင်းသည် iPhone 17 Pro Max ပိုင်ရှင်နှင့် အထူးဆုပိုင်ရှင်များဖြစ်ခွင့်ရှိကြောင်း သိရသည်။

ကံစမ်းမဲဖောက်သည့်ပုံစံကိုအချက် (၈) ချက်အပြင် သူပုန်ဖြူ ကဗျာစာအုပ်ကို ဝယ်ယူထားသော ကဗျာချစ်သူ၊ စာချစ်သူများ ယနေ့မှစ၍ အထူးဆု (၁၀) ဆုဖြစ်သော IPhone 17 pro အသစ်စက်စက်တစ်လုံးနှင့် အခြားဆုကြီးများအား ယခုအချိန်မှစ၍ရင်ခုန်နိုင်ကြပါစေကြောင်း သူပုန်ဖြူ Team မှ အသိပေးထားကြောင်း သိရသည်။

၎င်းအပြင် မိမိတို့ ဝယ်ယူအားပေး၊ လက်ဆောင်ရရှိထားသော သူပုန်ဖြူကဗျာစာအုပ်အားအမြန်ဆုံးရှာဖွေပြီး ကဗျာစာအုပ်ပါ စာအုပ်စဉ်နံပါတ်များကို ရှာဖွေ မှတ်သားထားကြရန် ဆော်ဩထားသည်။

"သူပုန်ဖြူကဗျာစာအုပ်၏ ရှေ့ဖက်စာမျက်နှာတွင်ပါသကဲ့သို့ ဤ သူပုန်ဖြူကဗျာစာအုပ်သည် ကဗျာစာအုပ်တစ်အုပ်ထက် သိပ်သည်းဆပိုများနေပေလိမ့်မည်" ဟူ၍လည်း ဆိုထားသည်။

ပြီးခဲ့သည့်၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့က အာရက္ခတပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင် ရေးသားထုတ်ဝေသည့် "သူပုန်ဖြူ"ကဗျာစာအုပ်လေလံတင်မှုတွင် အမှတ်စဉ် (၀၀၆၆၆)ကို ပရိသတ်တစ်ဦးကအမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့် ဝယ်ယူအားပေးကာ "သူပုန်ဖြူကဗျာစာအုပ်လေလံပြိုင်ပွဲ"အရှိန်အား မြှင့်တင်ပေးလိုက်ကြောင်း “သူပုန်ဖြူ” ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့ကလည်း ULA/AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏မွေးနေ့တွင် AA တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများနှင့် အာရက္ခပြည်သူအချို့မှ မွေးနေ့ဆုတောင်းစကားသံအချို့ဖြင့် ဆုတောင်းပေးခဲ့ကြသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင်ကျရောက်သည့် ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အာရက္ခစစ်သည်တော်များမှ ပုဏ္ဏားကျွန်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

March 24, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင်...
March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...
March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...