နယ်ပယ်အသီးသီး၌ အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍတွင် ပါဝင်နိုင်ရန် လိုအပ်နေသေး

နယ်ပယ်အသီးသီး၌ အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍတွင် ပါဝင်နိုင်ရန် လိုအပ်နေသေး
ပုံ- IMNA
ပုံ- IMNA

တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌ ဦးဆောင်ပါဝင်နိုင်ရန် လိုအပ်နေသေးကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌမှ မွန်အမျိုးသမီးများနေ့ အခမ်းအနားမိန့်ခွန်းတွင် ထောက်ပြပြောဆိုသည်။

ယနေ့ ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အခမ်းအနားကို နယ်စပ်ဒေသရှိ မွန်လူမှုအဖွဲ့အစည်းများဦးဆောင် ကျင်းပခဲ့ရာ မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌမှ အထိမ်းအမှတ်မိန့်ခွန်းတွင် ထောက်ပြပြောဆိုသည်။

တော်လှန်ရေးအနောက်တန်းမှနေ၍ ပါဝင်ပံ့ပိုးမှု၊ ပဋိပက္ခကိစ္စရပ်များတွင် ကူညီကယ်ဆယ်မှုနှင့် ပညာရေးကိစ္စများတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုများစွာရှိသော်လည်း ဦးဆောင်မှုကဏ္ဍအတွက် လိုအပ်နေသေးကြောင်းနှင့် အမျိုးသားများမှ ပူပေါင်း၍ ပါဝင်ဖော်ဆောင်သွားရန် လိုအပ်သည်ဟု ဆိုသည်။

"အမျိုးသမီးတွေ နယ်ပယ်အသီးသီးမှာ ဦးဆောင်နိုင်ဖို့ တောက်လျှောက်ကြို့ပမ်းလာပေမဲ့ အခုထိ ခရီးရောက်ဖို့လိုနေသေးတယ် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ဦးဆောင်တဲ့နေရာမှာပါဝင်ဖို့ မူဝါဒမှာရော၊ ရွေးချယ်ခန့်အပ်တဲ့နေရာမှာ စဉ်းစားတိုင်း အမျိုးသီးတွေပါဝင်ဖို့ ဦးဆောင်နိုင်ဖို့ အမျို့သားတွေလည်း ဝိုင်းဝန်းပံ့ပိုးပေးရမယ်"

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့်လည်း ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ပိုမိုပါဝင်မှုနှင့် ဆုံးဖြတ်ခွင့်ရရှိမှုကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။

၎င်းအပြင် မွန်အမျိုးများနေတွင် လူ့ခွင့်အရေးချို့ဖောက်မှုများ အမြန်ဆုံးရပ်တန့်ရန်နှင့် အမျိုးသမီးများ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ကာ တာဝန်ခံမှု အပြည့်အဝ ရယူနိုင်ရန်လည်း ယနေ့ ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ထုတ်ပြန်ထားသေးသည်။

ဖိုဝါဒနှင့် လူမျိုးကြီးဝါဒ လွန်စွာကြီးမားပြီး အာဏာရှင်စနစ်အမြစ်တွယ်နေသည့် နိုင်ငံတွင် အခြားတိုင်းရင်းသူ အမျိုးသမီးများနှင့်နည်းတူ မွန်အမျိုးသမီးများလည်း ခေါင်းဆောင်ပိုင်းနှင့် ဆုံးဖြတ်ချက်ကဏ္ဍအတွက် လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေရဆဲ၊ တော်လှန်နေရဆဲဖြစ်သည်။

အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍအပြင် လုံခြုံရေးနှင့်ပတ်သတ်၍ ထောက်ခံမှုရှိသော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ခြင်း၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် လုံခြုံရေးကို ထောက်ခံသော ကွန်ရက်များနှင့် စနစ်များ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ကာ အခမ်းအနားတွင် အုပ်စုဖွဲ့ဆွေးနွေးခြင်းအစီအစဉ်များလည်း ပြုလုပ်ခဲ့သည်။

ယမန်နေ့တွင် နယ်စပ်ရှိ မွန်လူမှုအဖွဲ့အစည်းများအပြင် မွန်ပြန်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ CMWO မှလည်း မွန်ပြည်သစ်ပါတီ ခရိုင်အသီးသီးတွင် ၂၂ ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ကို ဦးဆောင် ကျင်းပနေကြောင်းလည်း သိရသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...