ချင်းပြည်က မြို့နယ် (၇)ခု လေးနှစ်ကျော် အင်တာနက်ဖြတ်တောက်ခံထားရ

ချင်းပြည်က မြို့နယ် (၇)ခု လေးနှစ်ကျော် အင်တာနက်ဖြတ်တောက်ခံထားရ

နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ် ၊ ပလက်ဝ၊ ထန်တလန် ၊ တွန်းဇံ မြို့နယ်တွေဟာ ၄ နှစ်ကျော်လာသည်အထိ အင်တာနက်ဖြတ်တောက်ခံထားရတယ်လို့ Equality Myanmar ရဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြတဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ကာလရှည်ကြာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်ထဲက မြို့နယ် (၇) မြို့နယ်ထဲက ၆ မြို့နယ်ကို ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကတော့ အာရက္ခတပ်တော် (ULA / AA) ထိန်းချုပ်

ထားတဲ့ နယ်မြေဒေသတွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ လူတဦးတယောက်ချင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်တွေအပြင် သတင်းမီဒီယာတွေကို စီးနင်းတာ လူထုသပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာ အတင်းအဓမ္မဖမ်းဆီတာတွေနှင့် ကာလရှည်ကြာ အင်တာနက်ဖြတ်တောက်တွေ ကျူးလွန်ခဲ့လို့ ကမ္ဘာပေါ်မှာ အင်တာနက်ဖြတ်တောက်မှု ကာလအရှည်ဆုံးနိုင်ငံအဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။

နှစ်ကာလရှည်ကြာ အင်တာနက်ဖြတ်တောက်ခြင်းဖြင့် သတင်းအချက်အလက်စီးဆင်းမှုကို ပိတ်ပင်ကာ အတုအယောင် ရွေးကောက်ပွဲကာကွယ်သည့် ဥပဒေပြဌာန်းပြီး ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးခြင်းများအပါအဝင် ကြီးလေးတဲ့ လူ့အခွင့်အရေးတွေကို ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအပေါ် နိုင်ငံတကာကအနေဖြင့် အဓမ္မနည်းဖြင့် ရယူထားသည့် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်မယ့် တရားဝင်မှု ရရှိရေးဆောင်ရွက်နေမှုတွေကို ဆက်လက် အသိအမှတ်မပြုရန် ၊ မြန်မာလူထု ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကို ထိရောက်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ပေးဖို့ကိုလည်း Equality Myanmar ကတောင်းဆိုထားပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်က ဒေသခံတွေဟာ ဂြိုလ်တု Starlink Link စက်ဖြင့် အင်တာနက် Wifi ကို အချိန်ပိုင်းနဲ့ ဝယ်သုံးနေကြရတယ်လို့လည်း သိရပါတယ်။

Equality Myanmar အဖွဲ့ဟာ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် ၊ တရားမျှတမှု နဲ့ လူမှုညီမျှမှုကို တည်ဆောက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...