TNLA နဲ့ MNDAA တပ်တို့ကြား တင်းမာမှု နှစ်ပတ်နီးပါးကြာမြင့်လာ

TNLA နဲ့ MNDAA တပ်တို့ကြား တင်းမာမှု နှစ်ပတ်နီးပါးကြာမြင့်လာ

တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA )တပ်တို့အကြား တင်းမာမှုတွေဟာ နှစ်ပတ်နီးပါးကြာမြင့်လာနေပြီဖြစ်ပြီးတော့ လူထုတွေအပေါ် ဆိုးကျိုးသက်ရောက်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ MNDAA နဲ့ TNLA တပ်တို့ကြား တင်းမာမှုတွေအပြင် တပ်သားအချင်းချင်း အပြန်အလှန်ရိုက်နှက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် တပ်(၂)တပ်ရဲ့ အငြင်းပွားမှုတွေကြောင့် လူထုတွေဟာ ကြားညှပ်ပြီး ဓားစားခံဖြစ်နေတယ်လို့လည်း ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာ တအာင်းအရပ်ဘက်အဖွဲ့ (၆ )ခုက မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုတွေနဲ့ တင်းမာမှုတွေကြောင့် လူထုကို ပစ်မှတ်ထား ရိုက်နှက်တာ ၊ ဖမ်းဆီးတာ ၊ လမ်းခရီးတွေကို ကန့်သတ်ပိတ်ပင်တာတွေ ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တာတွေကို လုပ်ဆောင်နေကြပြီး လူထုကို ပစ်မှတ်ထား လက်စားချေတာ ၊ ရန်လိုတာတွေ ကို ပြုလုပ်နေကြတယ်လို့ ဒီအဖွဲ့ (၆ )ခုက ပြောပါတယ်။

လက်ရှိမှာတော့ တအာင်းလူမျိုးတွေဟာ MNDAA ထိန်းချုပ်စိုးမိုးထားတဲ့ သိန္ဒီမြို့ကို ဖြတ်သန်းသွားလာခွင့်နဲ့ ကွတ်ခိုင်မြို့သို့တင်ပို့မယ့် စားနပ်ရိက္ခာ ၊ ကုန်စည်တွေကိုလည်း ကန့်သတ်ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။

မဟာမိတ်တပ်တွေဖြစ်တာနဲ့အညီ ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်နဲ့ အမြန်ဆုံးဖြေရှင်းဖို့ အလေးအနက် တိုက်တွန်းတယ်လို့ (TCSN )တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်က တိုက်တွန်းထားပါတယ်။

TNLA နဲ့ MNDAA တို့ဟာ တင်းမာမှုတွေဖြစ်နေတာနဲ့အတူ နှစ်ဖက် စစ်ရေးအင်အားတွေလည်း ကွတ်ခိုင်မြို့မှာ တိုးချဲ့လာနေကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အငြင်းပွားမှုပြဿနာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ( ၁၃) ရက်နေ့က ကွတ်ခိုင်မြို့အတွင်းရှိ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA က ဖြုတ်ယူရာမှ စတင်ခဲ့တာဖြစ်ပြီးတော့ အပြန်အလှန်ရိုက်နှက်မှုတွေဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ကို TNLA , MNDAA , AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်တွေ ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA က ဦးဆောင်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...