ဖလူး-မဲကနယ်လမ်း၌ DKBA နှင့် အရပ်သားကား တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

ဖလူး-မဲကနယ်လမ်း၌ DKBA နှင့် အရပ်သားကား တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်ကားနှင့် အရပ်သားကားတို့ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်အုပ်စုတပ်မှ ဒရုန်းနှင့် လိုက်လံပစ်ခတ်၍ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖလူး-မဲကနယ်တောလမ်း (ဒေသအခေါ် ရဲကုန်း) နေရာတွင် စက်ပျက်နေသော အရပ်သား ကားတစ်စီး ကို ဝင်ရောက်ကူညီပေးနေစဉ် ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု DKBA အဖွဲ့ဘက်က ပြောသည်။

DKBAအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောဖားဘလက်က “ကျနော်တို့လူသွားတာက တိုက်ပွဲဖြစ်တဲ့ အချိန်မဟုတ်ဘူး။ ဒါပေမဲ့ သူတို့လှုပ်ရှားမှုတွေတော့ရှိတယ်။ အဲဒီအချိန်မှာလည်း လမ်းမှာ ကားက ပျက်တော့ ကားဆင်းတွန်းတဲ့အချိန်မှာ ပစ်ခံရတာဖြစ်တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင် (၂) ဦးနဲ့ အရပ်သား (၃) ဦးသေဆုံးသွားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ရှိ ဖလူး-မဲကနယ်ဒေသတွင် လတ်တလော စစ်အုပ်စုတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ကြား နှစ်ဖက်စစ်ရေးတင်းမာနေလျက်ရှိသည်။

ထို့ကြောင့် ဖလူးဒေသထဲတွင် နှစ်ဖက်တိုက်ပွဲတင်းမာမှုရှိနေသည့်အတွက် သွားလာနေကြသည့် အရပ်သားဖြစ်စေ၊ တပ်ဖွဲ့ဝင်များဖြစ်စေ သတိဝိရိယဖြင့် သွားလာရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စောဖားဘလက်က ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ဖလူးဒေသအတွင်း KNLA မဟာမိတ်တပ်စခန်းဟု ယူဆရသည့် နေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခြင်းအပြင် မြေပြင် စစ်ကြောင်းထိုးနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...