တိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၂ ဦးအတွက် ဝမ်းနည်းကြောင်း CDF – KKG ထုတ်ပြန်

တိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၂ ဦးအတွက် ဝမ်းနည်းကြောင်း CDF – KKG ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တော တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ Chinland Defense Force , Kalay – Kabaw – Gangaw ( CDF – KKG) တပ်ရင်း (၇)က ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ၂ ဦးအတွက် ဝမ်းနည်းကြေကွဲရကြောင်း CDF – KKG က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့နယ် တိုက်ပွဲတွင် တိုက်ပွဲဝင်ရင်း CDF – KKG တပ်ရင်း (၇) မှဒုရင်းမှူး Dal Sian Khai ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျဆုံးခဲ့ပြီး ရဲဘော် Thain Lal Piang ဟာလည်း ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျဆုံးခဲ့ရတဲ့အပေါ် CDF – KKG မှ အထူးလေးစား ဂုဏ်ပြုကြောင်းနဲ့ ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ လမ်းမပေါ်တွင်တည်ရှိတဲ့ မှန်တောကျေးရွာ တိုက်ပွဲအတွင်းမှာလည်း CDF – KKG တပ်ရင်း (၄) က ရဲဘော် မင်းဇော် (ခ) မွှေးတု ဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ပေါ် CDF – KKG မှ အထူးလေးစားဂုဏ်ပြုကြောင်းနဲ့ ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း မှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။

ချင်းလက်နက်ကိုင်တော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ Chinland Defense Force , Kalay – Kabaw – Gangaw ( CDF – KKG) တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ ကဘော်ဒေသနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဖြစ်ပါတယ်။

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...