အကြမ်းဖက်စစ်တပ်မှ အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ၅ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံး

အကြမ်းဖက်စစ်တပ်မှ အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ၅ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံး

ခိုင်လူလှ (ရိုးမမြေ) — အကြမ်းဖက် မြန်မာစစ်ကော်မရှင်တပ်မှအရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဦးတည်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ထိ (၇) ရက်အတွင်း ၅ နှစ် အရွယ်မိန်းခလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးသွားခဲ့သည်။

သေဆုံးသွားခဲ့ရသူများမှာ မခင်ထက်ထက်စိုး(၅)နှစ်၊ သူမ၏အဒေါ် ဒေါ်ခင်ဆန်းဝေ(၄၃)နှစ်၊ ဒေါ်မဝေချမ်း (၆ဝ)နှစ်နှင့် ဒေါ်ခင်လှရွှေ (၅၅)နှစ်တို့ဖြစ်ကြသည်။

သေဆုံးသွားခဲ့ရသူ  မခင်ထက်ထက်စိုး(၅)နှစ်နှင့် သူမ၏အဒေါ် ဒေါ်ခင်ဆန်းဝေ(၄၃)နှစ်တို့သည်ဖေဖော်ဝါရီလ ၁၅ ရက်ညနေ ၅ နာရီခန့်တွင် ဝမျှောင်ကျေးရွာကို စစ်ကော်မရှင်တပ်က  အသေခံဒရုန်း၊ လက်နက်ကြီးများပစ်ခတ်စဉ် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

နောက်ထပ်သေဆုံးသူဒေါ်မဝေချမ်း (၆ဝ) နှစ်မှာ ဆေးကုသမှု ခံယူနေရင်း ရင်ဘတ်တွင်ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်ဒဏ်ရာဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် သေဆုံးသွားခဲ့သည်။

နောက်ထပ်သေဆုံးသူ ဒေါ်ခင်လှရွှေ (၅၅)နှစ်မှာ  ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာမှ ငအုပ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်အုပ်စု၏ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဝမ်းဗိုက်၊ ညာဖက်လက်မောင်းနှင့်ခြေထောက်တို့၌ ရရှိသွားသည့်ပြင်းထန်ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ၀မျှောင်ကျေးရွာတိုက်ခိုက်မှုအတွင်း ဒေါ်ခင်ဆန်းဝေ၏ညီမဖြစ်သူ ဒေါ်ခင်ဆန်းလွင် (၄၂)နှစ်နှင့် ဒေါ်ခင်ဆန်းဝေ၏ အမျိုးသားဦးအောင်လင်းစိုး(၄၄)နှစ်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီးဆေးကုသနေရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေ ၅ နာရီခန့်တွင် ငအုပ်ကျေးရွာအပါအဝင်ကျောက်ပြောက်နှင့် ဝမျှောင်ကျေးရွာတို့ကို အသေခံဒရုန်းအပါအဝင်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ယင်းအပြင် ကျောက်ဖြူ ပင်လယ်ပြင်ရှိ စစ်ရေယာဉ်ကလည်း အဆိုပါကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုများပြုလုပ်ခဲ့သည်။.

ပစ်ခတ်ခံရမှုအတွင်း ဒေါ်ခင်လှရွှေအပါအဝင် ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာမှ ဒေါ်ဝေစံခင် (၃၄)နှစ်၊ ငအုပ်ကျေးရွာမှ ဒေါ်ဝေဝေမိုး (၃၈)နှစ်နှင့် ဦးခင်မျိုးကျော်(ခေါ်) ဦးဘာစိကေ(၄၆)နှစ်တို့တွင်လည်းထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဝမျှောင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့တွင် ကျောကုန်းနှင့်လက်မောင်းတို့၌ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ကျောက်ဖြူမြို့နယ် တိုက်ပွဲများအတွင်း အသေအပျောက်များနေသဖြင့် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ရခိုင် အရပ်သားကျေးရွာများကို လူမျိုးရေးမုန်းတီးမှုအမြင်များဖြင့် ပစ်ခတ်တိုက်ခိုက်လျှက်ရှိနေသည်ဟု ဒေသခံလူမှုရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။ 

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...