လှိုင်းဘွဲမြို့နယ် ကြံပင်စိုက်တောင်သူများ ကြံသကာဝယ်သူနည်း၍ စားဝတ်နေရေးအခက်ကြုံ

လှိုင်းဘွဲမြို့နယ် ကြံပင်စိုက်တောင်သူများ ကြံသကာဝယ်သူနည်း၍ စားဝတ်နေရေးအခက်ကြုံ
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက် ထုတ်လုပ်ရောင်းချသည့် တောင်သူများသည် ယခုနှစ်ကြံထွက်ရာသီ၌ ကြံသကာ လာဝယ်သူနည်းပါး၍ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများပြောပြချက်အရ သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း စီးပွားဖြစ်ကြံစိုက်ပျိုးမှုမှထွက်ရှိသည့် ကြံသကာများကို ဖားအံမြို့အဝယ်ဒိုင်များမှ ကြံစိုက်တောင်သူများထံ လာရောက်ဝယ်ယူနေကျဖြစ်သော်လည်း ယခုနှစ်တွင် ဝယ်သူမရှိ သလောက်နည်းပါးသဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်နှင့် စားဝတ်နေရေးအခက်အခဲရှိလာသည်ဟု တောင်သူများက ဆိုသည်။

“ခါတိုင်းဆိုရင်ပွဲစားတွေလာတယ်။ အခုက အနီးအနားကလာဝယ်တဲ့သူပဲရှိတာ ပွဲစားတွေမ လာတော့ဘူး။ မရောင်းရတော့ ကြံခင်းလုပ်တဲ့သူတိုင်းပဲ သူတို့အိမ်မှာကြံသကာတွေပုံနေတာ။ အလုပ်သမားခတွေပေးစရာရှိတယ်။ စားဝတ်နေရေးအတွက်လည်းရှိသေးတော့ တခြားအလုပ်ရှာလုပ်ရရော” ဟု ကိုမောင်ကျေးရွာအုပ်စုနေ ကြံစိုက်တောင်သူက ပြောသည်။

လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏မှတ်တမ်းအရ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၁၁) စုထက်မနည်း ကြံစိုက်ပျိုးကြပြီး ဧကပေါင်းထောင်နှင့်ချီရှိသည်။ ထို့အတူ ကြံသကာ ဈေးကွက်အဝယ်ဖြစ်သည့် အဓိကအကြောင်းအရင်းတွင် ဖားအံမှ လာရောက် ဝယ်ယူသူအနည်းအများအပေါ် မူတည်သည်ဟု ကြံသကာထုတ်လုပ်ရောင်းချသူများက ပြောသည်။

ကော့လုံကျွန်းပေါ်တွင် ကြံပင်စိုက်သူတစ်ဦးက “ကြံသကာဈေးကွက်က မရှိတာလည်းမပြောနဲ့။ လုံးဝ ရှာမတွေ့တာ လာဝယ်တဲ့သူလည်း လုံးဝမရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ကြံသကာတစ်ပိဿာလျှင် (၃,၀၀၀) ကျပ်ရှိခဲ့ပြီး ယခုနှစ်ရာသီတွင် ဝယ်ယူသူ အလွန်နည်းပါးသွားသောကြောင့် တစ်ပိဿာ ကျပ် (၂,၀၀၀) ဖြင့်သာ ရောင်းပေးနေရသည်ဟု ဒေသခံကြံစိုက်တောင်သူများထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ်မှထွက်ရှိသည့်ကြံနှင့်ကြံသကာများကို ဖားအံမြို့ပေါ်အဝယ်ဒိုင်များမှတစ်ဆင့် အခြားမြို့နယ်များသို့ ပို့ဆောင်ရောင်းချကြသည်။ လှိုင်းဘွဲအပြင် ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့နယ်တွင်လည်း ကြံပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းရှိသည်။

စိုက်ပျိုးရရှိသည့် ကြံများကို သကြားစက်ရုံများသို့ တင်ပို့ရောင်းချနိုင်သည့်အပြင်၊ ကြံရည်ကို ကြိုချက်၍ ကြံသကာအဖြစ်လည်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချနိုင်ကြောင်း ကြံစိုက်တောင်သူများက ပြောသည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...