မြန်မာဘက်တွင် မီဇိုးယာဉ်မောင်းတစ်ဦးသေဆုံးမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့

မြန်မာဘက်တွင် မီဇိုးယာဉ်မောင်းတစ်ဦးသေဆုံးမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့

မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က မီဇိုးအမျိုးသားယာဉ်မောင်း တစ်ဦးသေဆုံးမှုကြောင့် Central Young Lai Association (CYLA) က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ယာယီပိတ်ထားလိုက်သည်ဟု သိရသည်။

လောင်တလိုင်မြို့ AOC ရပ်ကွက်မှာနေထိုင်သော အသက် ၃၇ နှစ်အရွယ် Pu Lalremsanga သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ က Pickup ကားတစ်စီးဖြင့် မြန်မာဘက်ခြမ်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝ (Salachhuah) ကျေးရွာသို့ ကုန်ပစ္စည်းများပို့ဆောင်ခဲ့သည်ဟု သိရသည်။

Pu Lalremsanga သည် ရှင်းလက်ဝကျေးရွာသို့ ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းတွင်ရောက်ရှိပြီးနောက် ည ၉ နာရီ ကစ၍ သတင်းအစအနမသိရဘဲ ပျောက်ဆုံးသွားသည်ဟု CYLA က ထုတ်ပြန်သည်။

နောက်တနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရှင်းလက်ဝကျေးရွာက ဆိုင်ပိုင်ရှင်တဦးက ပျောက်ဆုံးသွားသူ၏ ယာဥ်မောင်းလိုင်စင်နှင့် ကားသော့ကို ၎င်း၏ညီဖြစ်သူထံလာရောက်ပေးအပ်ခဲ့ပြီး ပျောက်ဆုံးသူနှင့်ပတ်သက်၍ တစုံတရာ မသိရှိကြောင်း ပြောဆိုခဲ့သည်ဟု CYLA ကဆို သည်။

ယင်းနောက် ဖေဖော်ဝါရီ ၁၅ ရက်ညနေပိုင်းတွင် Pu Lalremsanga ရဲ့ရုပ်အလောင်းကို Sala ချောင်းနှင့် ကုလားတန်မြစ် ပေါင်းစုံရာမှာ တွေ့ရှိကြပြီး သေဆုံးရသည့်အကြောင်းရင်းကိုမူ မသိရသေးကြောင်း မီဇိုရမ် သတင်းများတွင်ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယင်းဒေသကို ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA တာဝန်ရှိသူများကိုလည်း အမှုမှန် စုံစမ်းဖော်ထုတ်ပေးရန် အကြောင်းကြားထားသည်ဟု သိရသည်။

ယခုကဲ့သို့ မီဇိုးယာဉ်မောင်းတစ်ဦး မြန်မာဘက်ခြမ်းတွင် သေဆုံးမှုကြောင့် လောင်တလိုင်မြို့ နှင့် ရှာဟာမြို့တို့မှ မြန်မာ နိုင်ငံဘက်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်သည့် လမ်းကြောင်းများအားလုံးကို CYLA နှင့် လောင်တလိုင်ခရိုင် Pickup Association -ကုန်တင်ယာဉ်များ အသင်းတို့က ယာယီပိတ်ဆို့ထားသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်နှင့် ရှာဟာမြို့တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ဘက်သို့ စားနပ် ရိက္ခာ ၊ ဆေးဝါးနှင့် စက်သုံးဆီများတင်ပို့လျက်ရှိသည့် အဓိကလမ်းကြောင်းဖြစ်သည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...