တဲခ်နဖ်တွင် BNP ပါတီ မဲဆွယ်စည်းရုံးစဉ် ပစ်ခတ်မှုဖြစ်၍ လူ ၅ ဦး ဒဏ်ရာရ

တဲခ်နဖ်တွင် BNP ပါတီ မဲဆွယ်စည်းရုံးစဉ် ပစ်ခတ်မှုဖြစ်၍ လူ ၅ ဦး ဒဏ်ရာရ

ကော့စ်ဘဇား(Cox’s Bazar) ခရိုင်၊ တဲခ်နဖ် မြို့နယ်တွင် ဗုဒ္ဓဟူးနေ့ညနေက ပြုလုပ်ခဲ့သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ၏ မဲဆွယ်စည်းရုံးရေးအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေး ၃ ဦးနှင့် ရိုဟင်ဂျာဒုက္ခသည် ၂ ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

တဲခ်နဖ်ရဲစခန်း စခန်းမှုး (OC) ဆိုက်ဖုလ် အီစ္စလာမ် (Saiful Islam) က ပစ်ခတ်မှုသည် နီလာ (Hnila) ယူနီယံအောက်ရှိ အာလီအာကာလီ (Aliakhali) ဒေသတွင် ရိုဟင်ဂျာဒုက္ခသည် စခန်းအနီး လမ်းမပေါ်၌ ည ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ပြောကြားသည်။

“ဒဏ်ရာရသူများသည် ပလက်လက် (pellets) များ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအဆင့်အတန်းကို လျော့နည်းစေနိုင်ခဲ့သည်” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရသူများကို Hnila ယူနီယံ ရပ်ကွက် ၉ ရှိ မော့ချ်နီ (Mochhni) ရွာမှ ဘာရှာမျာ (Bacha Mia) (၄၅ နှစ်)၊ ရပ်ကွက် ၈ ရှိ အာလီအာကာလီ (Aliakhali) ရွာမှ နူရ်ရုလ် အီစ္စလာမ် (Nurul Islam) ၏ သား ရှာဟာဖ် အုဒ္ဒိန် (Shahab Uddin) (၁၁ နှစ်)၊ အဒုလ်ဇော်လိလ် (Abdul Jalil) ၏ သမီး နူရ်ဆရာဒ် ရာဖီ (Nusrat Jannat Rafi) (၁၈ လ)၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းအမှတ် ၂၅၊ အကွက် D/5 မှ အဒုလ်ရာမာန် (Abdur Rahman) (၃၇ နှစ်) နှင့် အကွက် D/4 မှ မူဟာမတ် ဇော်ဆိမ် (Mohammad Jasem) (၁၃ နှစ်) ဟု သိရှိရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ BNP ၏ မဲဆွယ်ယာဉ်တစ်စီးသည် ပါတီ၏ မဲဆွယ်သင်္ကေတဖြစ်သော စပါးအုပ်အမှတ်အသားဖြင့် လမ်းမပေါ်တွင် သီချင်းဖွင့်၍ လှည့်လည်ခဲ့ကြောင်း သိရသည်။

“ယာဉ် ထွက်ခွာသွားပြီး ၃ မှ ၄ မိနစ်အကြာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်” ဟု စခန်းမှုး ဆိုက်ဖုလ် အီစ္စလာမ်က ပြောသည်။

အစောပိုင်း စုံစမ်းစစ်ဆေးချက်များအရ ဇော်လာလ် (Jalal) ဟု အမည်ရ ဒေသခံ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးသည် အရက်မူးနေစဉ် လက်နက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သံသယရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

သံသယရှိသူကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပစ်ခတ်မှုသည် မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး ဒဏ်ရာရခဲ့သည်။ အစောပိုင်းတွင် အသက်အန္တရာယ် ပြင်းထန်မှု မရှိဟု ဆိုကြပြီး ဒဏ်ရာရသူအားလုံးကို ထိုညအတွင်း ကော့စ်ဘဇားခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

ဆေးရုံအရင်းအမြစ်များအရ BNP မဲဆွယ်စည်းရုံးရေးတွင် ထောက်ခံသူ ၂၀ မှ ၂၅ ဦးခန့် လမ်းဘေးတွင် စုဝေးကာ လာမည့် ပါလီမန်ရွေးကောက်ပွဲ (Cox’s Bazar-4 မဲဆန္ဒနယ်) အတွက် ဆန္ဒပြကြွေးကြော်နေကြစဉ် လူများ စုဝေးလာခဲ့ပြီး ထိုအချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ လူအများ ထိတ်လန့်၍ ပြေးလွှားခဲ့ကြသည်။

လက်တွင် ဒဏ်ရာရခဲ့သော ဘာရှာမျာက အာလီအာကာလီတွင် မင်္ဂလာဆောင် အလှဆင်အလုပ် လုပ်နေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

“အစပိုင်းမှာ မီးရှူးမီးပန်း ပေါက်သံလို ထင်ခဲ့တယ်။ နောက်မှ ပစ်ခတ်ခံရတာကို သိလိုက်ရတယ်။ ဘယ်သူ ပစ်ခဲ့တယ်ဆိုတာ မမြင်ရပါဘူး” ဟု ၎င်းက ပြောကြားသည်။

အဒုလ်ရာမာန် ကတော့ ညနေခင်း ဆုတောင်းပြီးနောက် ပစ်ခတ်သံကြားကာ လမ်းဘေးဆိုင် အနီးတွင် လဲကျခဲ့ကြောင်း ပြောသည်။ ၎င်းသည် ဘယ်ဘက်ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည်။

နောက်ပိုင်းတွင် ဒဏ်ရာရသူ ၂ ဦး၏ အခြေအနေမှာ ပြင်းထန်လာသဖြင့် စစ်တကောင်းဆေးကော်လိပ် ဆေးရုံး (Chattogram Medical College Hospital) သို့ ထပ်မံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နူရ်ဆရာဒ် ရာဖီ ၏ မိခင် ဆာမိရ်ရာ ဘေဂေါမ် (Samira Begum) က သူမ၏ သမီးငယ်သည် အိမ်တံခါးဝတွင် ရပ်နေစဉ် ကျောဘက်မှ ပစ်ခတ်ခံရကြောင်း ပြောကြားခဲ့သည်။ မိသားစုဝင်များ၏ အဆိုအရ ရှာဟာဖ် အုဒ္ဒိန် သည် ခါးပိုင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

April 23, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ် ‌ဒေါက်တာ အဗ္ဗဒူလာ ဇာဖာရ် ဘင် အဘီယာ (Dr...
April 22, 2026
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခေါ်လီလူရ် ရာမန် (Khalilur Rahman ) က ရိုဟင်ဂျာ...
April 11, 2026
အိန္ဒိယအာဏာပိုင်များက မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခံရပြီး နောက်ပိုင်းတွင်...
April 10, 2026
ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကြက်ငှက်တုပ်ကွေး (ရေကျောက်) ရောဂါ (Chickenpox)...