ဗုံးကြဲခံရသည့်မြောက်ဦးဆေးရုံအတွက် မောင်တောခရိုင်မွတ်ဆလင်များက ကျပ်သိန်း ၅၀၀ လှူဒါန်း

ဗုံးကြဲခံရသည့်မြောက်ဦးဆေးရုံအတွက် မောင်တောခရိုင်မွတ်ဆလင်များက ကျပ်သိန်း ၅၀၀ လှူဒါန်း

သိန်းဇော်(မောင်တော) — ရခိုင်ပြည်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် မောင်တောမြို့နယ်အတွင်းမှ မွတ်ဆလင်ပြည်သူများက ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အလှူငွေပေးအပ်လှူဒါန်းမှုအခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မွတ်ဆလင်ရေးရာကော်မတီကဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ရန်ပုံငွေအဖြစ်ကောက်ခံရရှိထားသည့် ငွေကိုလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု မောင်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"သူတို့မှာ စီးပွား‌ရေးသမားတွေဆီက အဓိကကောက်ထားတဲ့ရန်ပုံငွေတွေရှိတယ်။ မွတ်ဆလင် ရေးရာကော်မတီကဦးဆောင်ကြတာ။ အဲဒီရန်ပုံငွေတွေထဲက လှူတာပါ"ဟု ပြောသည်။

‌ယခုကဲ့သို့ လှူဒါန်းခြင်းသည် အများပြည်သူလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးပါသည့်ပံ့ပိုးမှုတခုဖြစ်သည့်အပြင် ဒေသတွင်းအတူယှဉ်တွဲနေထိုင်ခြင်းနှင့် သဟဇာတဖြစ်မှုအတွက် အဓိပ္ပာယ်ရှိသည့် လုပ်ဆောင်မှုတရပ်ဖြစ်သည်ဟု သူက ဆိုသည်။

အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့ အာရက္ခပြည်သူ့‌တော်လှန်‌ရေးအစိုးရအကြီးအကဲများ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ မောင်တောခရိုင်မှ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံသည် ရခိုင်ပြည်အတွင်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အဓိကဆေးရုံကြီးဖြစ်သည်။

ထိုဆေးရုံကြီးကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုအတွင်း ဆေးရုံကြီးတစ်ခုလုံးပျက်စီးခဲ့သည့်အပြင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် လူမမယ်ကလေငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ လူနာစောင့်များ စုစုပေါင်း ၃၄ ဦးသေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...