MNDAA ဖမ်းဆီးထားတဲ့ ဒေသခံ (၉ )ဦးကို ပြန်လွှတ်ပေးဖို့ ရှမ်းလူငယ်အဖွဲ့တောင်းဆို

MNDAA ဖမ်းဆီးထားတဲ့ ဒေသခံ (၉ )ဦးကို ပြန်လွှတ်ပေးဖို့ ရှမ်းလူငယ်အဖွဲ့တောင်းဆို

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို ရွှေတူးဖော်မှုကန့်ကွက်တာကြောင့် ကိုးကန့်တပ် MNDAA က ဖမ်းဆီးသွားတာ (၄)ရက်ဝန်းကျင်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ အရပ်သား( ၉) ဦးကို ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသားသမဂ္ဂအဖွဲ့က ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဝမ်စယ်ကျေးရွာပိုင်နယ်ထဲမှာ MNDAA က ကျေးရွာသားတွေဆီကနေ ခွင့်ပြုချက်မယူပဲ တရုတ်လုပ်ငန်းရှင် တွေကို ရွှေတူးဖော်ဖို့အတွက် ဆောင်ရွက်နေတာကြောင့် ဒေသခံတွေက ကန့်ကွက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

ဒေသခံရာနဲ့ချီဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့တွေက ဒေသခံ (၃၆) ဦးကို ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

ဖမ်းဆီးသွားသူတွေထဲက (၂၇) ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ကျန် (၉) ဦးကိုတော့ ဆက်လက်ဖမ်းဆီးခဲ့တဲ့အပြင် အဲ့ထဲမှာ (၃) ဦးဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အကြောင်း TSU က ဆိုပါတယ်။

အွန်လိုင်းကနေပျံ့နှံလာတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ကိုးကန့်တပ်ဖွဲ့တွေက ဒေသခံတစ်ဦးကို လက်ထိပ်ခတ်ထားပြီး ရိုက်နှက်နေခဲ့ပါတယ်။

ဖမ်းဆီးသွားတဲ့နောက်ပိုင်းမှာလည်း ကိုးကန့်တပ်တွေဟာ Social Media တွေမှာ အခုဖြစ်ပျက်တဲ့သတင်းတွေကို မတင်ဖို့ ၊ လုပ်မယ်ဆိုရင် အပြစ်ပေးမယ့်အကြောင်း အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးနေခဲ့တယ်လို့ TSU က ဆိုထားပါတယ်။

ထို့အပြင် အဆိုပါ MNDAA တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူမှ ကားပေါ်တွင် စက်သေနပ်တပ်ပြီး ကျေးရွာအတွင်းကို အင်အားလှည့်လည်ပြခဲ့တယ်လို့ သိရပါတယ်။

လယ်ယာမြေများကိုအဓမ္မသိမ်းယူကာ ရွှေတူးဖို့ပြုလုပ်ခြင်း ၊အပြစ်မဲ့ပြည်သူများကိုဖမ်းဆီးခြင်းကို ပြင်းထန်စွာကန့်ကွက်တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့တဲ့ MNDAA တပ်တွေဟာ နမ့်ပေါင်ကျေးရွာအုပ်စုမှာ တပ်တွေ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီးတော့ သယံဇာတတူးဖော်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...