စစ်ဘေးရှောင် ၆၀၀ ကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ CNO ထုတ်ပြန်

စစ်ဘေးရှောင် ၆၀၀ ကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ CNO ထုတ်ပြန်

ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူ လူဦးရေအားဖြင့် ၆၀၀ ကျော်ကို CNO က အခြေခံစားနပ်ရိက္ခာတွေနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO ) ရဲ့ Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က ပြောပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) , Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က “အခုကတော့ ဖလမ်းမြို့နယ်ထဲမှာပေးနေတယ်။ မြေပြန့်ဘက်လည်း ပါဝင်တယ်။ အခုပေးတဲ့ဟာတွေက လောလောဆယ်တော့ မပြီးသေးဘူး။ ကျန်နေသေးတယ်။ လူဦးရေအားဖြင့် ပေးရဖို့က ၆၀၀ ကျော်လောက်ဖြစ်တယ်။ အိမ်ထောင်စုနဲ့ဆိုရင် ၂၀၀ နီးပါးလောက်ဖြစ်မယ်။ ဒါပေမယ့် လောလောဆယ်မပြီးသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ လဆန်းကတည်းကစလို့ ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ တကျော့ပြန် ထိုးစစ်ဆင် စစ်ကြောင်းတွေကြောင့် ဖလမ်းမြို့နယ်အတွင်းမှာ ကလေးတောင်ပိုင်းက ဒေသခံအရပ်သားတွေအပါအဝင် ဒေသခံ ၂ သောင်းကျော်ဟာ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက်နေ့လောက်ကစလို့ ကလေးမြို့တောင်ပိုင်း ကလေး - ဂန်ဂေါလမ်းဖက်ကို စစ်ကြောင်းထိုးခဲ့ပြီး အဲဒီကနေ စစ်ကော်မရှင်တပ်အင်အား ၁၀၀၀ ဝန်းကျင်သုံးပြီး ကလေး - နတ်ချောင်း - ချောင်းခွ - ဟားခါးလေး - ဝေဘူလ ကနေ ဖလမ်းမြို့ကို စစ်ကြောင်း ၁ ကြောင်း ကလေး - သိုင်းငင်းကနေ စစ်ကြောင်း ၁ ကြောင်းနဲ့ထိုးစစ်ဆင် နေကာ လမ်းတစ် လျှောက်မှာ ချင်းလက်နက်ကိုင်တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...