ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး - သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား ဖေဖော်ဝါရီလ ၃ ရက်နေ့မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၃၀ ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သလို လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ Chin World Media ကို စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းမြောက်က ဗိုလ်မှူးအပါအဝင် အယောက် ၃၀ လောက်သေဆုံးတယ်လို့ ဒဏ်ရာရတာကလည်း ၂၀ ကျော်လောက် ဒဏ်ရာရသလို လက်နက် သိမ်းဆည်းမှုတွေလည်း အများအပြားရကြတယ်လို့ သတင်းပို့ပါတယ်” လို့ပြောပါတယ်။

မနေ့က မနက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲအတွင်း ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲတွေဘက်က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အမြောက်အများပုံတွေလည်း လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “မနက်ကနေ ထိတွေ့မှုက ရှိတယ်ထင်ပါတယ်။ အသေးစိတ်အခြေအနေတွေတော့ မသိရသေးပေမယ့် စစ်ကော်မရှင်ဘက်က အယောက် ၃၀ ဝန်းကျင် သေဆုံးတယ်လို့ ကျနော်တို့လည်း သတင်းကြားထားတာပေါ့” လို့ပြောပါတယ်။

ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကော်မရှင်တပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းကတည်းကနေ သိုင်းငင်း - ဖလမ်းနဲ့ ဝေဘူလ - ဖလမ်း လမ်းကြောင်းတွေကနေ အင်အား ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကာလ ၃ လအတွင်း စစ်ကော်မရှင်ဘက်က အထိခိုက်အကျအဆုံးများခဲ့ပြီး တိယအကြိမ် ကလေး - သိုင်းငင်းလမ်းကြောင်းကနေဘဲ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အင်အား ၃၀၀ ဝန်းကျင် စစ်အင်အား ဖြည့်တင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...