ပုလောမှာ စစ်တပ်မီးထပ်ရှို့လို့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

ပုလောမှာ စစ်တပ်မီးထပ်ရှို့လို့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ရှပ်ပုံကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ကျေးရွာအလယ်ပိုင်းမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ သူတို့စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သွားရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို လာရောက်မီးရှို့သွားတာလို့ ဆိုပါတယ်။

ရှပ်ပုံကျေးရွာရဲ့ အရှေ့ဘက်ပိုင်းမှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားပြီး ရွာရဲ့အနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မီးလောင်ခဲ့တဲ့ ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်သားတွေရဲ့ တပ်စွဲနေထိုင်မှုကြောင့် ဒေသခံအများအပြားဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပြောင်းရွှေ့နေထိုင်နေကြတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ကလည်း ပုလောမြို့နယ် ပလမြို့ အမှတ် ၄ ရပ်ကွက်နဲ့ တိုကျေးရွာက နေအိမ် စုစုပေါင်း ၁၀၀ ကျော်ကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...