၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ သက်တမ်း ထပ်တိုး

၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ သက်တမ်း ထပ်တိုး

မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်များ ဆက်လက်အပ်နှင်းကြောင်း စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၂၉) ညပိုင်းတွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က စစ်ကော်မရှင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် မြို့နယ်များအပါအဝင် ၆၃ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး လက်ရှိတွင် ဒုတိယအကြိမ်မြောက်အဖြစ် နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးခြင်းဖြစ်သည်။

ပထမအကြိမ်သက်တမ်းတိုးမှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ၆၃ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ပြီး “ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)အား ဆက်လက်အပ်နှင်းလိုက်သည်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်က အရေးပေါ်အခြေအနေ ကြေညာထားသည့် ၆၃ မြို့နယ်မှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်များ၊ ကရင်နီ(ကယား)ပြည်နယ်တွင် ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များ၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဖြစ်သည်။

ချင်းပြည်နယ်တွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းတွင် ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ပုလဲနှင့် အင်းတော်မြို့နယ်များ၊ မကွေးတိုင်းတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များပါဝင်သည်။

မန္တလေးတိုင်းတွင် မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်၊ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်များ၊ ရှမ်းပြည်နယ်တွင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလားမြို့နယ်များဖြစ်သည်။

စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တိုက်ပွဲများ ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိပြီး နိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ လူဦးရေ ၃ ဒသမ ၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း (UN OCHA Myanmar)ကလည်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓါတ်ပုံ- စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကာလုံအစည်းအဝေးတွင်တွေ့ရစဉ်။ မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်များ ဆက်လက်အပ်နှင်းကြောင်း စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၂၉) ညပိုင်းတွင် ထုတ်ပြန်သည်။ (MOI) 

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...