ဘောလခဲမြို့မှာ ပြည်သူ့ဆေးရုံပြန်ဖွင့်ဖို့ စစ်ကော်မရှင် ဆောင်ရွက်နေ

ဘောလခဲမြို့မှာ ပြည်သူ့ဆေးရုံပြန်ဖွင့်ဖို့ စစ်ကော်မရှင် ဆောင်ရွက်နေ
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)

ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က မနေ့က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဘောလခဲမြို့မှာ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အခုလို ဆေးရုံပြန်ဖွင့်ဖို့ စစ်ကော်မရှင်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆေးရုံဝန်း သန့်ရှင်းရေးပြုလုပ်ပြီးတော့ ဘောလခဲမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရှမ်းပိုင်းနဲ့ကယားပိုင်းရပ်ကွက်မှာ နေထိုင်တဲ့အသက် (၈၀) ကျော် အဘိုးအဘွားတွေကို ဆန်နဲ့ဆေးဝါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိ လူဦးရေအနည်းငယ်သာ ကျန်ရစ်တဲ့ ဘောလခဲမြို့ပေါ်မှာ စစ်ဘေးရှောင်တွေက နေရပ်ပြန်ခြင်းမရှိကြသေးဘူးလို့လည်း ဘောလခဲမြို့ခံ တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်ပြန်ဝင်တာမကြားမိဘူး။ ဒါမယ့်ရွေးကောက်ပွဲတုန်းက ဝန်းထမ်းပြန်ပို့တာဘဲကြားတယ်။ လူကတော့ အရင်အတိုင်းဘဲ ပြန်ဝင်တာမရှိဘူး။ မြို့ပေါ်စစ်ရှောင်တဲ့လူဆိုလည်း ရဟတ်ယာဉ်နဲ့ပြန်မှရမှာ” လို့ ဘောလခဲမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ကတော့ နယ်မြေဒေသမတည်ငြိမ်မှုကြောင့် ခေတ္တပိတ်ထားတဲ့ ဆေးရုံကိုပြန်ဖွင့်မယ်လို့ပဲ ကြေညာထားပါတယ်။ နယ်မြေအခြေအနေအရ ဘောလခဲမြို့ကို မြေပြင်လမ်းကြောင်းအတိုင်း သွားလာလို့မရဘဲ ရဟတ်ယာဉ်နဲ့သာ သွားလာနိုင်မှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘောလခဲမြို့ပေါ် မှာ ၂၀၂၅ခုနှစ် နှစ်စပိုင်း ဖေဖော်ဝါရီလက စစ်ကော်မရှင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်း‌ရွေ့နေထိုင်ခဲ့ကြတာကြောင့် မြို့ပေါ်မှာ ဒေသခံ လူဦးရေ ၂၀၀ ဝန်းကျင်သာကျန်ရစ်တော့တယ်လို့ ဆိုပါတယ်။ လက်ရှိ နေထိုင်ကြတဲ့ လူဦးရေအများစုက ဌာနဆိုင်ရာဝန်ထမ်း၊ စစ်တပ်အသိုင်းအဝိုင်း နဲ့ နီးစပ်တဲ့မိသားစုတွေဖြစ်တယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကပြောပါတယ်။

နယ်မြေအခြေအနေအရ ဘောလခဲမြို့တွင်းကို ကုန်စည်မစီးဆင်းတော့တာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကတည်းကဖြစ်ပြီး ဒေသခံတွေဟာ စားသောက်ကုန်တွေကို အချင်းချင်း ဖလှယ်ပြီး စားသောက်နေကြရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...