မိုးဗြဲမြို့မှာ လက်နက်ကြီးပစ်ခတ်နေလို့ သတိထားနေထိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသိပေး

မိုးဗြဲမြို့မှာ လက်နက်ကြီးပစ်ခတ်နေလို့ သတိထားနေထိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသိပေး

ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့် စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုရှိနေတာကြောင့် လူထုတွေ သတိထားနေထိုင်ဖို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယအတွင်း မိုးဗြဲမြို့ အနီးဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့ နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အခုကတော့ အခြေအနေက ငြိမ်နေသေးတယ်။ အရင်အပတ်တွေတော့ မြေပြင်မှာတော့ တိုက်ပွဲက ရှိတယ်လေ။ အကျအဆုံးတွေလည်းရှိတာပေါ့။ လောလောဆယ်တော့ တိုက်ပွဲမရှိဘူး။ ဒါပေမယ့် အရမ်းကြီးမပေါ့ကြဖို့ သတိထားနေဖို့လည်း လိုတယ်။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့အနီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ကို တော်လှန် တိုက်ခိုက်ရင်း အသက် ၁၉ နှစ် ဝန်းကျင်အရွယ်ရှိတဲ့ အင်းလေး PDF ၁၀၀၉ တပ်ရင်းက ရဲဘော် မိုးသက်အောင်(ခ) မိုးတိမ် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့နဲ့ နီးစပ်တဲ့ စစ်ရှောင်စခန်းတွေမှာတော့ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးသံတွေကို မကြာခဏ ကြားနေရတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဒီမှာက နည်းနည်းဝေးတော့ တိုက်ပွဲအခြေအနေတော့ မသိရဘူး။ လက်နက်ကြီး သံတို့တော့ အမြဲ ကြားနေရတယ်။အဲ့ဖက်တော့မသွားလာရဲဘူးပေါ့။” လို့ စစ်ရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာ စစ်ကော်မရှင်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ထားသလို ထိုးစစ်ဆင်မှုတွေ ဆက်လက်လှုပ်ရှားနေတာကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...