အကျဉ်းသားထွက်ပြေးလွတ်မြောက်နေတာကြောင့် ခရီးသွားလာတဲ့ပြည်သူတွေနဲ့ ဒေသခံတွေ စိုးရိမ်

အကျဉ်းသားထွက်ပြေးလွတ်မြောက်နေတာကြောင့် ခရီးသွားလာတဲ့ပြည်သူတွေနဲ့ ဒေသခံတွေ စိုးရိမ်
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)

ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက အကျဉ်းသား ၅၀ ကျော် ထွက်ပြေးလွတ်မြောက်နေတာကြောင့် ခရီးသွားလာနေတဲ့ပြည်သူတွေနဲ့ ဒေသခံတွေက လုံခြုံရေးအရ စိုးရိမ်ပူပန်နေကြတယ်လို့ ပြောပါတယ်။

“စိုးရိမ်ရတာပေါ့။ မော်ချီးနဲ့မယ်စဲ့ ကုန်စည်စီးဆင်းမှုတွေရပ် သွားမယ်။ ပြည်သူတွေလည်း အသွားအလာမရှိသလောက်ဖြစ်သွားမယ်။ ကျန်မာရေးကိစ္စတွေကောပေါ့။ သူတို့ ဘယ်ချိန် ဘယ်ခါ လမ်းပေါ်တက်ပြီး ပြည်သူတွေကို ဒုက္ခပေးမလဲပေါ့။ အစစ အရာရာကြောက်နေရတာ" လို့ ခရီးသွားလာနေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

တာဝန်ကျတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ သေနတ်ကို လုယူခဲ့တာကြောင့် သေနတ် ၉ လက် ပါသွားတဲ့အတွက် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေရတာပါ။

ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးပြန်လည် ဖမ်းဆီးနိုင်ဖို့ ဒေသခံတွေက မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကရင်နီပြည်က အကျဉ်းထောင်တနေရာမှာ အကျဉ်းသား ၆ ဦးထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါသေးတယ်။ အခုလို အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်တွေ ရှိနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သေချာစီစစ်သင့်တယ်လို့ ဒေသခံတဦးက မှတ်ချက်ပြုပါတယ်။

" ပထမပြောချင်တာက ဒီလိုဖြစ်ရပ်မျိုးတွေ ခနခဏ ဖြစ်လာတော့တာဝန်ရှိသူတွေ အရမ်ပေါ့ဆတယ်ပေါ့။ အကျဥ်းသားဆိုတာက ထောင်ဖောက်ပြေးပြီး တစ်လမ်းလုံးပြည်သူတွေကို ဒုက္ခပေးမှာဘဲ။ ဒါကြောင့် ဒီပြဿနာကိုတာဝန်ရှိသူတွေ အမြန်ဆုံး ဖြေရှင်းပေးဖို့မျှော်လင့်တယ်။ ပြည်သူတွေရဲ့ စိတ်လုံခြုံမူ အမြန်ဆုံးပေးဖို့ မျှော်လင့်တယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...