ယခုနှစ် ရခိုင်တွင် လေယာဉ်ဈေးနှုန်း ၃ သိန်း နီးပါး ဈေးတက်

ယခုနှစ် ရခိုင်တွင် လေယာဉ်ဈေးနှုန်း ၃ သိန်း နီးပါး ဈေးတက်

ယခု ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည် စစ်တွေ- ကျောက်ဖြူ- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်ထက် ၃ သိန်းနီးပါးအထိ ဈေးမြင့်တက်လာနေသဖြင့် ဒေသခံများ အခက်ကြုံနေရကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် လေယာဉ်အရောင်းဌာနများ၏ လေယာဉ်လက်မှတ်ဈေးနှုန်းသည် စစ်တွေ- ရန်ကုန် ခရီးစဉ် ငွေကျပ် ၅ သိန်းခွဲဖြစ်ပြီး ရန်ကုန်မှ စစ်တွေသို့ ဆိုလျှင် ငွေကျပ် ၇ သိန်းကျော်ဖြစ်ကြောင်း သိရသည်။

ယခင် ၂၀၂၅ ခုနှစ်က ဆိုလျှင် စစ်တွေမှ ရန်ကုန်သို့ သွားလျှင် ငွေကျပ် ၃ သိန်းခွဲဖြစ်ပြီး ရန်ကုန်မှ စစ်တွေသို့ လာလျှင် ငွေကျပ် ၄ သိန်းခွဲသာ ဈေးနှုန်းရှိခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် လေယာဉ်လက်မှတ် ဈေးနှုန်းများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း နိုဝင်ဘာလက စပြီး ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် စစ်တွေမြို့၌ လက်ရှိတွင် ပြင်ပ လေယာဉ်ဈေးနှုန်းများမှာ စစ်တွေမှ ရန်ကုန်နှင့် ရန်ကုန်မှ စစ်တွေ ခရီးစဉ် နှစ်ခုလုံး၌ ၆ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း စစ်တွေမြို့ခံများက ဆိုသည်။

စစ်တွေ ဒေသခံ အမျိုးသမီးတစ်ဦးက " လက်ရှိမှာတော့ စစ်တွေကနေ ရန်ကုန်ကို သွားတဲ့သူတွေ တော်တော် များနေတာကြောင့် လေယာဉ်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ထင်တယ်။ လေယာဉ်ကွင်းတွေမှာ ဆိုလည်း အရင်ကထက် အစစ်အဆေးတွေ တော်တော်များတယ် " ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ကျောက်ဖြူမှ ရန်ကုန်နှင့် ရန်ကုန်မှ ကျောက်ဖြူသို့ ဈေးနှုန်းများသည် လေယာဉ် အရောင်းဌာနများတွင် ငွေကျပ် ၆ သိန်းကျော်ဝန်းကျင်ဖြစ်ပြီး ပြင်ပဈေးဆိုလျှင် ငွေကျပ် ၁၀ သိန်း အထိမြင့် တက်နေကြောင်း သိရသည်။

" လက်ရှိ ကျောက်ဖြူမြို့မှာတော့ ၁၂ လပိုင်းလောက်ကနေ လေယာဉ်လက်မှတ်ခံလို့ မရတော့ဘူး။ မြို့အနီးကို တိုက်ပွဲက နီးလာတော့ ရန်ကုန်ဘက်ကို သွားတဲ့သူတွေ များလာတာကြောင့် ထင်တယ်။ တချို့ကတော့ မဒေးကျွန်းမှာရှိတဲ့ တရုတ်ကုမ္ပဏီက စက်လှေနဲ့ ရန်ကုန်ကို လိုက်ကြတယ်။ ဒါပေမဲ့ တရုတ်တွေက မဒေးကျွန်း ဒေသခံတွေကိုပဲ လိုက်ခွင့်ပေးတယ် " ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမှ ရန်ကုန် လေကြောင်းလိုင်းများသည်လည်း ယခင်နှစ်ကုန်ခါနီးတွင် ပိုမိုမြင့်တက်လာခြင်း ဖြစ်ပြီး ယခင်နှစ် ၁၁ လပိုင်းအထိ လေယာဉ် ဈေးနှုန်းများသည် ၅ သိန်းကျော်သာ ရှိကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၄ နှစ်လယ်ပိုင်းမှ စတင်ပြီး စစ်တွေမြို့ခံ အများစုသည် AA ထိန်းချုပ်ရာ ဒေသများကို ရရာနည်းလမ်းဖြင့် ထွက်ခွာလာသည့်အပြင် ပြည်မဘက်သို့လည်း လေကြောင်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်သူများလည်း ယခုအချိန်အထိ ရှိနေကြောင်း တွေ့ရသည်။

လက်ရှိရခိုင်ပြည်တွင် ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီက ပိတ်ထားပြီး လေကြောင်းလမ်း တစ်ခုတည်းကို သာဖွင့်ပေးထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူမြို့ အနီးတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တို့ တိုက်ပွဲများ ပြင်းထန်နေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...