ကသာမြို့မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေ

ကသာမြို့မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာမြို့ကို (KIA+PDF) ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပြီးနောက် မြို့ပေါ်တွင် ကုန်စည်နဲ့ လောင်စာဆီများ အဆမတန် စျေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

ကသာမြို့ မြို့သိမ်းတိုက်ပွဲဟာ လက်ရှိငြိမ်သက်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲ နောက်ဆက်တွဲအခြေအနေအနေနဲ့ စစ်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့က လမ်းပိုင်းတွေကို အပြန်အလှန် ပိတ်ပင်မှုတွေကြောင့် မြို့တွင်းမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကုန်ဈေးနှုန်းတွေက ဈေးအရမ်းများတယ်၊ ဆန်တစ်ပြည်ကို (၆၀၀၀)ကျပ်၊ ဓာတ်ဆီတစ်ဂါလံကို (၆၀၀၀၀) ကျပ် ပေးဝယ်နေရတယ်” လို့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

ကသာမြို့ဟာ ရွှေဘို-မြစ်ကြီးနားလမ်း နဲ့ ဧရာဝတီမြစ်ကြောင်းလမ်းကို အဓိက အားထားခဲ့ရပြီး အင်းတော်–ထီးချိုင့် မြို့များကို KIA+PDF ပူးပေါင်းတပ်များက ထိန်းချုပ်ထားကာ ကုန်စည်ပို့ဆောင်မှုများ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မြို့အတွင်းရှိ လမ်းဘေးစျေးဆိုင်တန်းများတွင် ဒေသခံ စိုက်ပျိုးရေးထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး နဲ့ အခြေခံစားသောက်ကုန်များကို ရောင်းချနေပေမယ့် လိုအပ်တဲ့လူသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးလောင်စာဆီများ ပြတ်လတ်နေတယ်လို့ သိရပါတယ်။

မြို့ပေါ်ဒေသခံအများစုကတော့ မိုးညှင်း ၊ မော်လူး ၊ အင်းတော် စတဲ့မြို့တွေနဲ့ ကျေးလက်ဒေသတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲလည်းဖြစ်ပါတယ်။

ကသာမြို့ကို KIA+PDF ပူးပေါင်းတပ်များက (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈ )ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ပြီး မြို့ထက်ဝက်ကျော်ကို သိမ်းပိုက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ စစ်ကော်မရှင်က မြို့ပေါ်ရပ်ကွက်တွေကို ပြန်လည်ထိန်းချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

သို့ပေမယ့် မြို့အနီးဝန်းကျင်မှာတော့ KIA+PDF ပူးပေါင်းတပ်များက ဝိုင်းပတ် ပိတ်ဆို့ထားတဲ့အနေအထားလို့သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...