ကိုယ်လက် အင်္ဂါပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေကို ဥပေက္ခာ မပြုကြဖို့ KNDF စစ်ရေးချုပ် တိုက်တွန်း

ကိုယ်လက် အင်္ဂါပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေကို ဥပေက္ခာ မပြုကြဖို့ KNDF စစ်ရေးချုပ် တိုက်တွန်း

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကိုယ်လက်အင်္ဂါပေးဆပ်ထားရတဲ့ တော်လှန်ရေး ရဲဘော်တွေကို ဥပေက္ခာ မပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်း -ကရင်နီ နယ်စပ်တနေရာမှာ ပြုလုပ်တဲ့ Karenni Ethnic Youth Global Gathering Event ( နိုင်ငံတကာရောက် ကရင်နီတိုင်းရင်းသား လူငယ်များ စုဝေးပွဲ) မှာ စစ်ရေးချုပ်က ပြောဆိုခဲ့ပါတယ်။

“ကျနော် အရမ်းနဲ့ ပြောချင်တဲ့ စကားတခွန်းပဲ ရှိတယ်။ ဒီခြေလက်အင်္ဂါတွေ ပေးဆပ်သွားတဲ့ ရဲဘော်တွေကို ဥပေက္ခာ မပြုနဲ့ ။ သူတို့တွေကို ပိုပြီးတော့ ညှာတာပါ။ ဂရုဏာသက်ပါ။ ပံ့ပိုးပေးပါ။ လူတိုင်းမှာ မိသားစုရှိတယ်။ လူတိုင်းမှာက တသက်မှာ တခါပဲ ဘဝရှိတယ်။ ကျနော်တို့လည်း ကောင်းကောင်းမွန်မွန်နေချင်တယ်။ အမှန်တိုင်းပြောရရင် NGOs တွေမှာ အလုပ်လုပ်ချင်တယ်။ ပိုက်ဆံ များများရှိချင်တယ်။ မိဘကိုပံ့ပိုးချင်တယ်။ ညီငယ်ညီမငယ်တွေကို ကျောင်းကောင်းကောင်းမွန်မွန် ထားခိုင်းစေချင်တယ်။ ဒါပေမယ့် ကျနော်တို့မှာ အခွင့်အရေး မရှိဘူး။ ဘာမှမရှိဘူး ။ ဆိုတော့ ဘဝပေးကံခြင်း မတူတော့ ကျနော်တို့က ဒီဘဝကို ရွေးရတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒါပေမယ့် တဖက်မှာက သူတို့အတွက် စဉ်းစားပေးရမယ်။ မဖြစ်မနေ စဉ်းစားပေးပါ ။ သူတို့အတွက်” လို့ ခူးရီးဒူက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းယူမှုကြောင့် လူငယ်တွေအများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းလာခဲ့ကြရင်း အသက်ပေးဆပ်ခဲ့သူ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူတွေ များစွာ ရှိနေတာပါ။

အာဏာသိမ်းကာလ ၅ နှစ်ဝန်းကျင်အတွင်းမှာတော့ စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော် (၅၀၀) ကျော် ကျဆုံးခဲ့ရပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိတဲ့အကြောင်းကိုလည်း ခူးရီးဒူက ဆိုထားပါတယ်။

ခုခံတော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်ရဲ့ မြို့နယ်တချို့မှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...