ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Women for Justice – Wj ရဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ဒီဇင်ဘာလအတွင်းချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအခြေအနေ ဖော်ပြချက်မှာ တွေ့ရပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်မှာ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၄ လုံး နဲ့ ဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး လူငယ် ၄ ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ Women for Justice ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားပြီး ဆေးဝါးအဆမတန် ဈေးနှုန်းတက်လာလို့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလည်း အခက်အခဲ နဲ့ ရင်ဆိုင်နေကြရသလို လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် အများအားဖြင့် အမျိုးသမီးတွေမှာ စီးပွားရေး စားဝတ်နေရေးမှာ အခက်အခဲ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း WJ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်မှုကြောင့် သေဆုံး စုစုပေါင်း ၃၈ ဦး အထိရှိပြီး ထိခိုက်ဒဏ်ရာရသူကတော့ ၂၃ ဦးအထိ ရှိခဲ့တယ်လို့လည်း Women for Justice ရဲ့ ဖော်ပြချက် အရသိရပါတယ်။

တိုက်ပွဲအရှိန်မြှင့်တက်နေတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု တွေက နေ့စဉ် ရက်ဆက်ဆိုသလို ရှိနေပြီး အရပ်သားတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...