ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Women for Justice – Wj ရဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ဒီဇင်ဘာလအတွင်းချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအခြေအနေ ဖော်ပြချက်မှာ တွေ့ရပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်မှာ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၄ လုံး နဲ့ ဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး လူငယ် ၄ ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ Women for Justice ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားပြီး ဆေးဝါးအဆမတန် ဈေးနှုန်းတက်လာလို့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလည်း အခက်အခဲ နဲ့ ရင်ဆိုင်နေကြရသလို လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် အများအားဖြင့် အမျိုးသမီးတွေမှာ စီးပွားရေး စားဝတ်နေရေးမှာ အခက်အခဲ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း WJ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်မှုကြောင့် သေဆုံး စုစုပေါင်း ၃၈ ဦး အထိရှိပြီး ထိခိုက်ဒဏ်ရာရသူကတော့ ၂၃ ဦးအထိ ရှိခဲ့တယ်လို့လည်း Women for Justice ရဲ့ ဖော်ပြချက် အရသိရပါတယ်။

တိုက်ပွဲအရှိန်မြှင့်တက်နေတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု တွေက နေ့စဉ် ရက်ဆက်ဆိုသလို ရှိနေပြီး အရပ်သားတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

January 13, 2026
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်...
January 12, 2026
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က...
January 9, 2026
ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေအတွင်းက နေရာ (၈) နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၊...
January 7, 2026
တစ်ချိန်မှာ လူသန်းပေါင်းများစွာကို စည်းလုံးစေမယ့် အသံလေးတစ်ခုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က...