ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၍ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၍ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ သွားရောက်ပေးကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း ဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆရာမ အင်အားမလုံလောက်လို့ လာစောင့်ခိုင်းတာ။ အရင်ဆုံး ကြိုတင်မဲထည့်ခိုင်းတာ၊ ထည့်ပြီးပြီဆိုမှ မဲရုံကို စောင့်ခိုင်းတာ။ ဒါပေမယ့် မဲရုံစောင့်မယ့်သူကို သူတို့ဘယ်လိုရွေးထားသလဲတော့မသိဘူး။ သင်တန်ပေးတာ လည်း မကြားဘူး” ဟု ဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့တွင် ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပညာရေး ဝန်ထမ်းများအပါအဝင် ဒေသခံအများစုသည် ဘေးလွတ်ရာ အခြားမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင် နေလျက်ရှိသည်။

၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်က ဆီဆိုင်မြို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဆီဆိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံအများစုမှာ နေရပ်သို့ပြန်လည်နေထိုင်ခြင်း မရှိသေးပေ။

လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ရွာငံ၊ ကလော၊ ကွန်ဟိန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကန်၊ လဲချား အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၇ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည် ဖြစ်သည်။

သို့သော် စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုအများစုက စိတ်ဝင်စားမှုမရှိကြောင်း ဆီဆိုင်မြို့ခံတစ်ဦးက ပြောသည်။

“အခုအချိန်ထိ မဲရုံဘယ်မှာရှိမှန်းတောင် မသိကြဘူး။ စိတ်လည်းမဝင်စားဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်းရှိ မဲရုံများတွင်လည်း စစ်ကော်မရှင်တပ်သားများ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များမှ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူထားသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့က ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ပင်လ်မ်ကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက မဲဆွယ်စည်းရုံးရေး ပြုလုပ်နေကြောင်း သိရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...