Published
Tuesday, December 23, 2025
စယ်အူအုပ်စုမှာ MNDAA က ဒေသခံတွေကို တစ်ရွာမှာတစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းခိုင်းနေ၍ ဒေသခံတွေစိုးရိမ်နေ
- ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
- တရုတ်နိုင်ငံအတွင်းကဆည်တွေမှာ ရေပိုလွှဲတွေဖောက်ချနေတာကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကွန်ကျိုင်းရွာမှာ ရွှေလီမြစ်ရေကြီးလာပြီး သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စုမှာ ကိုးကန့်တပ် MNDAA က ဒေသခံပြည်သူတွေကို တစ်ရွာမှာ တစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းခိုင်းနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။






