စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးလိမ်လည်မှုဖြစ်တယ်လို့ KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် ပြော

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးလိမ်လည်မှုဖြစ်တယ်လို့ KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် ပြော

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ နိုင်ငံရေးလိမ်လည်မှု ဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ အသိပေးထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ နိုင်ငံရေးလိမ်လည်မှုဖြစ်တဲ့အတွက် လွိုင်ကော်မြို့တွင်း/မြို့ပြင်မှာရှိတဲ့ ကရင်နီအမျိုးသားလူထုတွေအနေနဲ့ သတိထားကြဖို့ကိုလည်း ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းထားတာပါ။

စစ်ကော်မရှင် ပြုလုပ်မဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ကျေးရွာအတွင်း အစည်းအဝေးလည်း လုပ်ပေးတယ်။ အဲ့ဒီရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး သတိရှိကြဖို့ပေါ့။ ရွေးကောက်ပွဲတို့ အကြောင်းအရာတော့ ကောင်းကောင်းနားလည်တယ်မဟုတ်ပေမဲ့ အခုက သူများပြောသံ ကျေးရွာ အစည်းအဝေးကနေ ပြောပြသံကနေတဆင့်ပေါ့။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတွေလည်း စိုးရိမ်တယ်။ သတိရှိကြဖို့ဆိုတဲ့ဟာ ကြားပြီးတော့ ဒါ….ထပ်ပြေးရဦးမလား ဆိုတာတွေလည်း တွေးမိတာပေါ့။ “လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ( ၁၉ ) ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ၁၈ ရက်အတွင်း အရေးကြီးကာလအဖြစ် ဗိုလ်မှူးချုပ် အောင်မြတ်ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အခုလို နိုင်ငံရေးလိမ်လည်မှုအဖြစ် သတ်မှတ်ထားတဲ့ တရားမဝင်/အတုအယောင်ရွေးကောက်ပွဲဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာအပြင် ၁၉၇၄ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်မှာတစ်ကြိမ် နဲ့ ၂၀၁၀ ခုနှစ်မှာတစ်ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရန်သူဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ ခုနှစ်ကနေ ဒီကနေ့အချိန်ထိ ခရစ္စမတ်ချိန် ၊ နှစ်သစ်ကူးချိန်မှာ သတ်ဖြတ်မှု ၊ ရာဇဝတ်မှု ၊ ယုတ်မာမှုတွေကို ပြုလုပ်နေတာ ကြုံတွေ့နေရပြီး လက်ရှိမှာလည်း နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် လူစုလူဝေးပြုလုပ်တာ ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်တာကို မပြုလုပ်ကြဖို့၊ သတိကြီးစွာ နေထိုင်သွားလာကြဖို့ကိုလည်း ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင် ရွေးကောက်ပွဲကျင်းပတဲ့ မဲရုံနဲ့ မဲရုံအနီးဝန်းကျင်တွေမှာ သွာလာခြင်း၊ နေထိုင်ခြင်း မပြုလုပ်ကြဖို့ KA ရဲ့ စစ်ရေးချုပ်က သတိပေးထားပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...