ဝိုင်းမော်မြို့အနီးတစ်ဝိုက်မှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦးများ ထိခိုက်မှုရှိနေ

ဝိုင်းမော်မြို့အနီးတစ်ဝိုက်မှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦးများ ထိခိုက်မှုရှိနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးတစ်ဝိုက်က ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်နဲ့  KIA+PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ပေါ်ဒေသခံများထံမှ သိရပါတယ်။

“ဘယ်ဖက်က လှမ်းထုမှန်းလည်း မသိပါဘူး။ ည ၈ နာရီ ၉ နာရီလောက်က ဖြစ်တာ ဟုတ်တယ်။ ညတိုင်းဖြစ်နေတာ စနေနေ့ညလောက်ထဲက စပစ်နေတာဟုတ်တယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်နေ့ ည ပိုင်းမှာ ဝိုင်းမော်မြို့၊နောင်စီပေါကျေးရွာမှာ ဒရုန်းဗုံးကျ ရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဆောက်လက်စ KBC ဘုရားကျောင်းအသစ်နဲ့ ၃ နှစ်သက်တမ်းသာရှိသေးတဲ့ ဟောခန်းအတွင်းရှိ ခေါင်မိုးနဲ့ နံရံများ ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီအဆောက်အဦးကို ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ ဖွင့်ပွဲနဲ့ ဆုတောင်းပွဲပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်ကျေးရွာက ဒေသခံအများစုဟာ  ၂၀၂၄ခုနှစ်ကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့်တိမ်းရှောင်နေကြတာဖြစ်ပြီး ယခုနှစ်ပိုင်းမှ မိမိနေအိမ်များတွင် တစ်ဦးစ နှစ်ဦးစ ပြည်လည်နေထိုင်လာမှုတွေကြောင့် ရွာအတွင်း ပြန်စည်ကားလာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီကျေးရွာက ဝိုင်းမော်- ဗန်းမော် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး လမ်းမကြီးကို စစ်ကော်မရှင်က ယခုထိ သွားလာခွင့်တွေ ကန့်သတ်ထားဆဲဖြစ်သလို အဆိုပါကျေးရွာကို တရုတ်ပြည် သွားလမ်းဖြစ်တဲ့ ဝါးရှောင်ကျေးရွာပတ်လမ်းမှ သွားနေရတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်ကြောင်းမသိရှိတဲ့ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံ ထိခိုက်မှုနဲ့ ဒဏ်ရာရရှိမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေကြောင်းကို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...