ကော့သောင်းမှာ တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကော့သောင်းမှာ တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ ရှင်တပ်က စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကော်မရှင်တပ်ဟာ ကော့သောင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအများအပြားမှာ အသက် ၂၀ ကနေ ၃၀ ကျော်အရွယ် လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ကော့သောင်းမြို့ပေါ် ရပ်ကွက်တွေမှာ ည ၇ နာရီကစပြီး လမ်းမှာ တွေ့သမျှလူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးခဲ့တဲ့အပြင် ရပ်ကွက်အလိုက် ဧည့်စာရင်း ဝင်စစ်ပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် နေ့လည်ဘက်တွေမှာလည်း မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေက ဥယျာဉ်ခြံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ဝင်ရောက်ဖမ်းဆီးခဲ့သလို ညဖက်တွေမှာလည်း ဧည့်စာရင်း ဝင်စစ်ပြီး တွေ့သမျှ အမျိုးသားတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဆယ်မိုင်ကျေးရွာအုပ်စုမှာတော့ စစ်ကော်မရှင်တပ်ဟာ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး အလုပ်လာလုပ်နေတဲ့ အမျိုးသား ၇ ဦးကို စစ်ဖမ်းဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ဆယ်မိုင်‌ကျေးရွာအုပ်စုက အမည် မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ အမျိုးသား ၁၀၀ ကျော်ဟာ ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရတဲ့ လူငယ်တွေ မပါဝင်ဘဲ ကော့သောင်းမြို့က ဒေသခံအမျိုးသားတွေဖြစ်ပြီး တစ်ရပ်ကွက်လျှင် အနည်းဆုံး လူငယ် ၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကော်မရှင်တပ်ဟာ အတင်းအဓမ္မ ဖမ်းဆီးခဲ့တဲ့ လူငယ်အမျိုးသားတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ပုလောမြို့နယ် ပလောက်အခြေစိုက် တကက ၁၂ ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ကော့သောင်းမြို့နယ်မှာ လုံခြုံရေးအင်အား တိုးမြှင့်ထားပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ အမျိုးသားတွေ အပြင်ထွက်သွားလာဖို့အတွက် စိုးရိမ်ထိန့်လန့်နေကြတယ်လို့ သိရပါတယ်။

February 18, 2026
ပုလော — တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း...
ဓာတ်ပုံ-Social Media
February 16, 2026
မကွေးတိုင်း ပွင့်ဖြူကနေ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ လူငယ် ၁၁ ဦးကို စစ်ကော်မရှင်တပ်သားတွေက...
February 14, 2026
တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို...
February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...