ဝက်လက်မြို့နယ်၌ ၅ ရက်အတွင်း ဗုံး၂ ကြိမ်ကြဲခံရပြီး ကလေးငယ်အပါဝင် ဒေသခံ ၉ ဦးသေဆုံး

ဝက်လက်မြို့နယ်၌ ၅ ရက်အတွင်း ဗုံး၂ ကြိမ်ကြဲခံရပြီး ကလေးငယ်အပါဝင် ဒေသခံ ၉ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ ကလေးငယ်အပါအဝင် ဒေသခံ ကိုးဦး သေဆုံးခဲ့ကြောင်း Wetlet Informational Network ထံက သိရသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆည်တောကျေးရွာအတွင်းသို့ ယမန်နေ့(ဒီဇင်ဘာလ ၁၇ရက်) ည ၈နာရီ ၃၁ မိနစ် အချိန်တွင် စစ်ကော်မရှင်တပ်က ပေါင်၂၅၀ ဗုံးသီးနှစ်လုံးကြဲချခဲ့ရာ ဦးညွန့်ဝေ (၇၀နှစ်)၊ ဇနီးဒေါ်မြင့်ကြည် (၇၀နှစ်)၊ ဇေယျာထွန်း (၂၅နှစ်)နှင့် အမည်မသိ အမျိုးသမီး(လူလတ်ပိုင်း)တို့ သေဆုံးခဲ့ပြီး ငါးဦးခန့် ဒဏ်ရာရရှိထားကာ နေအိမ်သုံးလုံးနှင့် ကားတစီး မီးလောင်ပျက်စီးသည်။

အလားတူ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးတွင် ဒီဇင်ဘာလ ၁၃ရက်နေ့ ည ၉နာရီ ၃၀ မိနစ်နှင့် ၉ နာရီ ၃၆မိ နစ်တို့တွင် ဗုံးနှစ်လုံး ကြဲချခဲ့ရာ မသူဇာနွယ်

(၃၄ နှစ်)၊ တွတ်ပီ(၂၆ နှစ်)၊ ဦးခင်မောင်လွင် (၇၀ နှစ်) ကလေးငယ် အေးမြတ်သူဇာ(၄- နှစ်) တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ထဲမှ တဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ ငါးဦးရှိကာ နေအိမ်ရှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြေပြင်မှာ စစ်ကြောင်းထိုးတာ တိုက်ပွဲဘာမှမရှိပါဘူး ၊ အကြောင်းမဲ့ ပြည်သူတွေနေတဲ့ ရွာထဲကို ဗုံးချသွားတာ” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာ ၁၃ရက်နေ့ လေကြောင်းတိုက်ခိုက်မှုဖြစ်သည့် နေရာတွင် စစ်ဘေးရှောင်များနေထိုင်ကြပြီး သေဆုံးသွားသူများသည် အရှေ့မြောက်ခြမ်းသို့ စစ်ဘေးရှောင်လာသော ရွှေဘိုမြို့နယ် ကုလားမရွာ က ဒေသခံများဖြစ်ကြောင်း သိရသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိမ့်ရွာအတွင်းကို ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် ဒရုန်းနှစ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ကိုနဂါးလေးက ဆက်ပြောသည်။

“အခုဒီမနက် ဒရုန်းနဲ့ ဗုံးလာချတဲ့ ကျောက်မြောင်း (ခမရ ၁၂)နဲ့ ဆိုရင် ၁၁ မိုင်လောက်ဝေးတယ်ဗျ၊ အသေခံ(Suicide)ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်သွားတာဗျာ” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဟန်းတပါးနှင့် ကလေးတဦး ထိခိုက်ထားသည်ကို ကနဦး သတင်းရရှိ ထားကြောင်းနှင့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

ဝက်လက်မြို့နယ် စဉ့်ကိုင်မြောက်ရွာထဲနှင့် နွားခြံကုန်းတောင်ဘက်တွင် အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်သည် တိုက်(တပ်သာ) ရွာတောင်ဘက် မြစ်ရေတင်စီမံကိန်း( ဆည်မြောင်း) ပေါ်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိနေကြောင်း Wetlet Informational Network က အသိပေးထားသည်။

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲ မပြုလုပ်နိုင်သည့် ဝက်လက်မြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို ဂရုစိုက်၍ သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက်တွန်းထားသည်။

ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
January 28, 2026
ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ...
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
January 27, 2026
ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့်...
January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
January 24, 2026
စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ...