ဖရူဆိုမှာ စစ်ကော်မရှင် ဒရုန်းထိမှန်ခဲ့တဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦး ဆေးကုသမှုခံယူရင်း သေဆုံး

ဖရူဆိုမှာ စစ်ကော်မရှင် ဒရုန်းထိမှန်ခဲ့တဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦး ဆေးကုသမှုခံယူရင်း သေဆုံး

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦးဟာ တလခွဲအကြာ ဆေးကုသခံယူရင်း ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွေ ဖရူဆိုမြို့နယ်က ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ဖြစ်ပါတယ်။

“ဒရုန်းထိပြီး လူထုတွေ သေဆုံးသွားတာ ၂ ယောက်ပေါ့နော်၊ အခု ဆေးကုရင်းနဲ့ တယောက် ထပ်ဆုံးတော့ ၃ ယောက်တော့ ဖြစ်သွားတာပေါ့နော်။ လက်ရှိ ဖရူဆို စစ်ရေးအခြေအနေက ပြောလို့တော့ မရသေးဘူး၊ လူထုတွေကတော့ သွားလာ သတိထားဖို့တော့ လိုတာပေါ့နော်” ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ မြေပြင် သတင်းအရင်းအမြစ်က ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာလ နဲ့ နိုဝင်ဘာလ နှစ်လအတွင်း စစ်ကော်မရှင်တပ် တိုက်ခိုက်တဲ့ ဒရုန်းကြောင့် စစ်ဘေးရှောင် ၃ ဦး အထိ သေဆုံးလာခဲ့ပါတယ်။ လက်ရှိ ဖရူဆိုမှာတော့ စစ်ကော်မရှင် တပ်စွဲထားရှိနေဆဲဖြစ်တာကြောင့် လူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ လိုအပ်နေတယ်လို့ အဆိုပါ သတင်းအရင်းအမြစ်က ဆိုပါတယ်။

သြဂုတ်လကနေ အောက်တိုဘာလအထိ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈ ဦးအထိ ရှိလာပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...